#Local_News
Published 27 May 2015

▪️ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးမှုများပြုလုပ်လျှက်ရှိရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိသည့် ဆိုင်များကိုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းစားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးများရှိ ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိအား  မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဒေသကော်မတီတို့ပါဝင်သော ပူးပေါင်းအဖွဲ့များ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

▪️ ထိုသို့ဆောင်ရွက်ရာတွင် ဆန်လက်လီ/ လက်ကား ရောင်းချလျက်ရှိသော ဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန်၊ ဧရာဝတီဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်း ဆန်များ၏ ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊ သိုလှောင်ထားရှိသော ဆန်အိတ်အရေအတွက် လက်ကျန်စာရင်းများကောက်ခံခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးမှုများပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times