#Local_News
Published 27 May 2025

▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ ယနေ့ မေလ ၂၇ ရက် ထုတ်ပြန်ချက်အရသိရသည်။

▪️ မေလ ၁၈ ရက်မှ ၂၅ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇၅၄) ခုကို စစ်ဆေးပြီးစီးခဲ့ရာ  ပိုးတွေ့အတည်ပြုလူနာသစ် (၆) ဦးကို တွေ့ရှိခဲ့ပြီး ဒဂုံမြို့နယ်မှ (၂) ဦး၊ အင်းစိန်မြို့နယ်မှ (၁) ဦး၊ သာကေတမြို့နယ်မှ (၁) ဦး၊ ကော့မှူးမြို့နယ်မှ (၁) ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှ (၁) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

▪️ ထို့အပြင်  ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (ဝ.၂၂) ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသည့် လူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်းလည်း သိရသည်။

▪️ လက်ရှိတွေ့ရှိရသည့်  ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်  ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲများ ဖြစ်၍ ယခု ထိုးနှံပေးနေသည့်  ရောဂါကာကွယ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ၊

▪️ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများကို ဓာတ်ခွဲစစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times