#Local_News
Published 14 July 2025
▪️ စင်ကာပူနိုင်ငံ၌ ယခုလ ၁၂၊ ၁၃ ရက်များတွင် ကျင်းပသည့် စင်ကာပူဖိတ်ခေါ် ကနူးကယက်လှေလှော်ပြိုင်ပွဲအတွင်း မြန်မာလှေလှော်အဖွဲ့က ရွှေတံဆိပ် အပါအဝင် ဆုတံဆိပ် ၁၅ခု ရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဆုများမှာ ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် လေးခုတို့ဖြစ် ပြီး ရွှေတံဆိပ် ၁၀ ခုကို မီတာ ၅၀၀ ကနူးအလွတ်တန်း တစ်ယောက် လှော်ပြိုင်ပွဲတွင် မျိုးလှိင်ဝင်း၊ မီတာ ၅၀၀ ကနူး နှစ်ယောက်တွဲ အလွတ်တန်းပြိုင်ပွဲတွင် ကျော်ဇေယျနှင့် သန့်ဇင်ဦးအတွဲ၊ မီတာ ၅၀၀ ကနူးလေးယောက်လှော်အလွတ်တန်းပြိုင်ပွဲတွင် ကျော်ဇေယျ၊သန့်ဇင်ဦး၊ ထွဋ်ခေါင်ဇော်၊ မျိုးလှိုင်ဝင်းအတွဲ၊ မီတာ ၂၀၀ ကနူးလေးယောက်လှော်အလွတ်တန်းပြိုင်ပွဲတွင် ကျော်ဇေယျ၊ သန့်ဇင်ဦး၊ ထွဋ်ခေါင်ဇော်၊ မျိုးလှိုင်ဝင်းအတွဲ၊ မီတာ ၂၀၀ ယူ-၁၅+ယူ-၁၈ ကနူးတစ်ယောက်လှော်ပြိုင်ပွဲတွင် ထွဋ်ခေါင်ဇော်၊ မီတာ ၂၀၀ ကနူးအလွတ်တန်း တစ်ယောက်လှော်ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်း၊ မီတာ ၂၀၀ ကနူး နှစ်ယောက်လှော် အလွတ်တန်းပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းနှင့် ကျော်ဇေယျအတွဲ၊ မီတာ ၅၀၀ ယူ-၁၅+ယူ-၁၈ ကနူး တစ်ယောက်လှော်ပြိုင်ပွဲတွင် ထွဋ်ခေါင်ဇော်၊ မီတာ ၁၀၀၀ ယူ-၁၇+ယူ-၁၈ ကယက် တစ်ယောက်လှော်ပြိုင်ပွဲ တွင် ဇေယျာထွန်း၊ မီတာ ၁၀၀၀ ကနူးတစ်ယောက်လှော်အလွတ်တန်းပြိုင်ပွဲတွင် သန့်ဇင်ဦးတို့က ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူနိုင်ငံမှ လက်ရွေးစင်အသင်း၊ လူငယ်လက်ရွေးစင်အသင်းအပါအဝင် စုစုပေါင်း လေးသင်း၊ မြန်မာ၊ ဩစတြေးလျ၊ တရုတ်(တိုင်ပေ)နှင့် ဟန်ဂေရီအသင်းတို ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times