#Local_News
Published 27 March 2025

▪️ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင်  ကျင်းပမည့်  မဟာသင်္ကြန်နှစ်သစ်အကြိုပွဲတော်တွင်  အသက်(၈၅)နှစ်အထက် သက်ကြီးပူဇော်ပွဲကိုပါ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ  သိရသည်။

▪️ အဆိုပါ မဟာသင်္ကြန်နှစ်သစ်အကြိုပွဲတော်ကို ဧပြီလ ၉ ရက်  မနက် ၈ နာရီခွဲမှ  ညနေ ၆ နာရီအထိ ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ကျင်းပရာတွင် မနက် ၈ နာရီခွဲမှ  ၁၀ နာရီအထိ ရုပ်ရှင်လောကထဲရှိ  အသက်(၈၅)နှစ်အထက်သက်ကြီးဝါကြီးများကို မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ လက်ဖက်ရည်များကို ကျွေးမွေးလှူဒါန်းခြင်းနှင့်အတူ သက်ကြီးပူဇော်ပွဲကို ကျင်းပမည် ဖြစ်သည်။

▪️ ထို့နောက်မနက် ၁၀ နာရီတွင် ရုပ်ရှင်မိသားစုကလေးများ အတွက် ကစားစရာပစ္စည်းများ မဲဖောက်ပေးခြင်း၊ မနက် ၁၁ နာရီခွဲအချိန်တွင် နေ့လယ်စာကျွေးမွေးခြင်း၊ နေ့လယ် ၁ နာရီအချိန်တွင်မောင်တို့ချယ်ရီမြေ ဇာတ်ကားပြသခြင်း ညနေပိုင်းတွင် ဗလာမပါကံစမ်းမဲဖောက်ခြင်းများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times