#Local_News
Published_26 March 2025

▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျ ဈေးအတွင်းသို့ မတ်လ ၂၅ ရက်တွင် PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် ၁ ဦးအပါ အဝင်အပြစ်မဲ့ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

▪️ ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေး အတွင်းသို့ မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီ ခန့်တွင် PDF များက ဥသျှစ်ကန်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှ ရှော့တိုက်ဒုံး ၁ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး နှင့် ဈေးအ တွင်း ဈေးရောင်းနေသည့် အမျိုး သမီး ၄ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့၍အဆိုပါထိခိုက်ဒဏ်ရာရရှိသူများ အား ရွှေဘိုမြို့ပြည်သူ့ဆေး ရုံသို့ ပို့ဆောင်ဆေးကုသ မှုခံယူစေလျက်ရှိကြောင်း သိရသည်။

▪️ ယင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ် သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

#Yangon_Times/PP