#Local_News
Published 20 March 2025

▪️ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်၍ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️မတ်လ ၂၀ရက်နေ့ မနက် ၄ နာရီ ၄၀မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၄၆/၀) ဖာလုံအနီးတွင်ယာဉ်မတော်တဆမှုဖြစ်ပွား‌ ခဲ့ကြောင်း သိရသည်။

▪️အဆိုပါ သတင်းရရှိ ၍၊ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်(၁+၄)ဦး၊ စကားအင်း အမြန်လမ်းရဲစခန်းမှ စခမ  အပါတပ်ဖွဲ့ဝင်(၂+၇)ဦးနှင့်အတူကူညီကယ်ဆယ်ရေးလုပ်ငန်းသွား ရောက်ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်မှာနေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးစား၊ဖြူဝါနီရောင် Express ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

▪️ယာဉ်မတော်တဆမှုကြောင့်၊ယာဉ်ပေါ်တွင် ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက်(၃)ဦး၊ ခရီးသည် ကျား(၃)ဦး၊ မ(၁၈)ဦး၊ ပေါင်း(၂၆)ဦးအနက်၊ ကျား(၁)ဦး၊ မ(၈)ဦး၊ ပေါင်း(၉)ဦး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်၊ EMS 192 လူနာတင်ယာဉ်ဖြင့်၊ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ ကြောင်း သိရသည်။

#YMG/NN #Yangon_Times