#Local_News
Published 20 March 2025

▪️ ပြည်ပဖုန်းနံပါတ်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay အကောင့်များအသုံးပြုခွင့်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ရာ ဆက်လက်အသုံးပြုလိုသူများအနေဖြင့်မြန်မာဖုန်းနံပါတ်ပြောင်းလဲရန်လိုအပ်ကြောင်း သိရသည်။

▪️ မတ်လ ၁၉ ရက်မှ စတင်ပြီး ထိုင်းဖုန်းနံပါတ်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay အကောင့်များ၏ ငွေလွှဲဝန်ဆောင်မှုများကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ပြီးKBZ Pay အကောင့်ကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် မြန်မာဖုန်းနံပါတ်ဖြင့်ပြောင်းလဲ အသုံးပြုရန် KBZ Pay က အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

▪️ ထိုသို့ ဖုန်းနံပါတ်ပြောင်းလဲရန်အတွက် KBZ Pay App အတွင်းရှိ ဖုန်းနံပါတ်ပြောင်း Function ၌ လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် ဖုန်းနံပါတ်ပြောင်းလဲရန်အတွက် KBZ Pay App ကို မကြာမီရက်ပိုင်း ထွက်ရှိလာမည့်ဘဗားရှင်းအသစ်ကို အဆင့်မြှင့်တင်ထားရန်လိုအပ်ကြောင်း ၊ဗားရှင်းအသစ် မထွက်ခင် ကာလအတွင်း ဖုန်းနံပါတ်ကို အမြန်ပြောင်းလဲလိုပါက Virtual Customer Support ဖြင့် ဘွတ်ကင်ပြုလုပ်ပြီး ဝန်ဆောင်မှု ရယူနိုင်ကြောင်း သိရသည်။

#YMG/SW #Yangon_Times