#Local_News
Published 19 June 2025
▪️ မြောင်းမြမြို့၌ ကျောင်းသူချင်းအုပ်စုဖွဲ့အနိုင်ကျင့်သည့်ကိစ္စနှင့် ပတ်သက်၍ လူမှုကွန်ယက်မှာဝေဖန်မှု မြင့်တက်နေကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် စာသင်နှစ် နှောင်းပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အ.ထ.က( ၆) ကျောင်းမှ ကျောင်းသူတစ်ဦးအပေါ် တစ်ကျောင်းတည်းအတူတက်နေကြသည့် ကျောင်းသူများမှ ပါးရိုက်ခြင်း၊ လက်အုပ်ချီကန် တော့ ခိုင်းခြင်း စသည် ဖြင့် အုပ်စုဖွဲ့အနိုင်ကျင့်သည့် ဗီဒီယိုဖိုင် တစ်ခု လူမှုကွန်ယက်တွင် ယမန်နေ့က စတင်ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ ကိစ္စရပ်အား အတည်ပြုနိုင်ရန် ယနေ့မနက်ပိုင်းတွင် မြောင်းမြခရိုင်ပညာရေးမှူးရုံးသို့ ရန်ကုန်မီဒီယာ ဂရုအနေဖြင့် ဖုန်းနှင့်ဆက်သွယ်မေးမြန်းရာတစ်ဖက်မှ ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပေ။
▪️ ထို့အပြင် ယမန်နေ့ညနေက လူမှုကွန်ယက်၌ ပျံ့နှံ့ခဲ့သည့် ဗီဒီယိုထဲတွင်ပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အ.ထ.က( ၆) ကျောင်းမှ ကျောင်းသူတစ်ဦးအပေါ် တစ်ကျောင်းတည်းအတူတက်နေကြသည့် ကျောင်းသူများမှ အုပ်စုဖွဲ့အနိုင်ကျင့်သည့်ကိစ္စကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ထိရောက်သည့်အရေးယူမှုများ ပြုလုပ်ပေးခြင်းမရှိသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဝန်ကြီးဌာနအပါအဝင် နေပြည်တော်ရှိ သက်ဆိုင်ရာဌာနများ အထိ တိုင်ကြားသွားမည်ဖြစ်ကြောင်း ပြောဆိုလာသူများရှိသကဲ့သို့ ကိုယ်ထိလက်ရောက်လုပ်ဆောင်သူများကိုလည်း လူမှုကွန်ယက်သုံးစွဲသူများက ထိုက်သင့်သည့်အပစ်များပေးရန် ဝေဖန်လျှက်ရှိနေကြောင်း သိရသည်။
#YMG/NN #Yangon_Times