#Local_News
Published 18 June 2025
▪️ မဟာမြတ်မုနိဘုရားကြီး၌ ဥပုသ်နေ့တစ်ရက်သာ ရွှေသင်္ကန်ကပ်လှူခွင့်ပြုထားကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့မှ သိရသည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် မဟာမြတ်မုနိဘုရားကြီးကို ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိရာ ပြုပြင်ခြင်းလုပ်ငန်းများ ရပ်နားချိန် ဥပုသ်နေ့တစ်ရက်ကို ရွှေသင်္ကန်းကပ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် လက်တလော ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နေချိန်အတွင်း
ဘုရားကြီးပတ်ပတ်လည် လမ်းလျှောက်ခွင့်ကိုတော့ ပိတ်ထားဆဲဖြစ်သော်လည်း မဟာမြတ်မုနိဘုရားကြီး၏ မျက်နှာတော်မူရာ ရှေ့တည့်တည့်မှ သံဃာတော်များတစ်တန်း၊ အမျိုးသားတစ်တန်းနှင့် အမျိုးသမီးတစ်တန်း ၃ တန်းခွဲကာ ဘုရားဝတ်ပြုရန်နေရာကို စီစဉ်ပေးထားကြောင်း သိရသည်။
▪️ ထို့အပြင် ဘုရားရင်ပြင်ကို အကြီးစားပြင်ဆင်ရေးများမှုလုပ်ဆောင်နေသည့်အပြင် ဘုရားစောင်းတန်းများကိုလည်း ပြင်ဆင်နေဆဲဖြစ်ကာ ဗောဓိပင်စောင်းတန်းကိုမူ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times