#Local_News
Published 18 June 2025
▪️ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်၌ တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအပြင် ဒေသခံများပါအဆင်ပြေစေရန် တပ်မတော်လေယာဉ်ဖြင့် တစ်လတစ်ကြိမ် အခမဲ့ခရီးစဉ် ပြေးဆွဲပေးနေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ ခရီးစဉ်ကို ဌာနဆိုင်ရာများနှင့်ဒေသခံများ သွားလာမှုအဆင်ပြေစေရန် နစက ဥက္ကဋ္ဌ၏ လမ်းညွှန်ချက် အရ တပ်မတော်လေယာဉ်ဖြင့် ပြေးဆွဲပေးခြင်း ဖြစ်သည်။
▪️ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မနက် ၈ နာရီတွင် မင်္ဂလာဒုံ တပ်မတော်လေဆိပ်မှ ခရီးသည် ၄၂ ဦးနှင့် ကုန်တန်ချိန် ၂,၆၅၀ ကီလိုဂရမ် တင်ဆောင်ကာ ကိုကိုးကျွန်းမြို့နယ် လေဆိပ်သို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်ခဲ့ကြောင်း၊ ယင်းအဆိုပါလေယာဉ်သည် မနက် ၁၁ နာရီ ၁၅ မိနစ်တွင် ခရီးသည် ၃၂ ဦးနှင့် ကုန်တန်ချိန် ၁,၅၀၀ ကီလိုဂရမ်တင်ဆောင်ကာ ကိုကိုးကျွန်းလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times