#Local_News
Published 8 July  2025

▪️ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ယနေ့မနက်ပိုင်းတွင် သားရေကွင်းမှိုင်းရုံတစ်ရုံ  မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဇူလိုင် ၈ ရက်နေ့၊ မနက် ၁နာရီ  ၄၅ မိနစ်အချိန်ခန့်က မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ မုဒုံမြို့ကန်ကြီးရပ်၊ သတိပဌာန်(၆)လမ်းတွင် သားရေကွင်းမှိုင်းရုံ(၁)လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ကမာဝက်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊  ညောင်ကုန်းကျေးရွာ အရန်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖြင့်သွားရောက်ငြှိမ်းသတ်ခဲ့ရာ  မနက် ၂ နာရီ ၁၇ မိနစ်အချိန် ၌ မီးငြိမ်းခဲ့ ကြောင်း သိရသည်။

#YMG/NN #Yangon_Times