#Local_News
Published 8 July 2025
▪️ ယမန်နေ့မနက်အစောပိုင်းက ရန်ကုန်-မန္တလေအမြန်လမ်းမကြီးပေါ်တွင် ခြောက်ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွါးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ (၇.၇.၂၀၂၅.ရက်နေ့၊ နံနက် ၀၅ နာရီ မိနစ်၄၀)အချိန်တွင် ရန်ကုန်-မန္တလေအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၆၆/၂-၃)ဖာလုံကြား၌ ယာဉ်မတော်ဆမှုဖြစ်ပွားကြောင်းသတင်း၍၊ အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းနှင့် အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းတို့မှ တာဝန်ရှိသူများ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်မှာနေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော၊ဂေါ်ဖီထုပ်များတင်ဆောင်မောင်းနှင်လာသော MITSUBISHI FUSO အမျိုးစား၊ ပြာ/စိမ်း/ခဲရောင်(၆)ဘီးယာဉ်သည် အဆိုပါမိုင်တိုင်အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းအစပ်သို့ ရောက်ရှိပြီး လမ်းပေါ်သို့ပြန်လည်ဆွဲယူမောင်းနှင်စဉ်လမ်းမကြီးပေါ်ဘေးတစ်စောင်းတိမ်းမှောက်ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း၊
ယာဉ်မတော်တဆမှုကြောင့်၊ ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ ကျား(၂)ဦးတို့ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times