#Local_News
Published 24 July 2025
▪️ ယနေ့ ဇူလိုင် နံနက်ပိုင်းက ဗိုလ်တထောင် ဆိပ်ကမ်း၌စက်လှေတစ်စီး တိမ်းမှောက်ပြီး လူ(၃)ဦးပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။
▪️ ယမန်နေ့ညပိုင်းမှ စတင်၍လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ဒလမြို့နယ်နှင့် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ကူးနေသည့်စက်တပ် သမ္မန်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ(၃)ဦး ပျောက်ဆုံးနေကြောင်း လက်ရှိတွင် ပျောက်ဆုံးနေသူ (၃)ဦးကို ရှာဖွေကယ်ဆယ်နိုင်ရေးလုပ်ဆောင်နေကြကြောင်း သိရသည်။
▪️ လေပြင်းတိုက်ခတ်မှုများကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဧရာဝတီတိုင်းဒေသကြီးတို့တွင် သစ်ပင်လဲခြင်းများနှင့် အမိုးလန်ခြင်းများကြောင့် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
#Photo-CJ
#YMG/SW #Yangon_Times