#Local_News
Published 24 June 2025
▪️ ရှမ်းပြည်နယ်၊လင်းခေးမြို့အနီး၌ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ယင်းငလျင်သည် ဇူလိုင်လ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆) နာရီ၊ (၁၅) မိနစ်၊ (၃၃) စက္ကန့်အချိန်တွင် လင်းခေးမြို့အနီး၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ တောင်ကြီးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ ခြင်းဖြစ်သည်။
▪️ အဆိုပါ တောင်ကြီးမြေငလျင်စခန်းမှအရှေ့-အရှေ့တောင်ဘက် (၆၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (လင်းခေးမြို့၏ အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၉၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times