#Local_News
Published 14 July 2025
▪️ ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့အနီး၌ ယနေ့မနက်ပိုင်းတွင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၀၄)မိနစ်၊ (၀၆)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းခတ်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၃၃) ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times