#Local_News
Published 22 June 2025
▪️ ဒဂုံဆိပ်ကမ်းမြို့နယ် YBS ယာဉ်နှင့် ရေသန့်ယာဉ်တို့ တိုက်မိပြီးယာဉ်မောင်းဆေးရုံရောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင် ၂၁ရက်နေ့၊ နေ့လယ် ၁နာရီ ၁၉ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်၊ ရတနာလမ်းတွင် YBS ယာဉ်နှင့် ရေသန့်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေသန့်ယာဉ်ပေါ်ရှိ ညပ်နေသူယာဉ်မောင်းအား ၁နာရီ ၃၃မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး သွေးဒါနမျိုးဆက်ပရဟိတအသင်းယာဉ်ဖြင့် စံပြပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times