#Local_News
Published 22 June 2025
▪️ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့နယ် နောင်တောင်းကျေးရွာ၌ ယနေ့ မနက်အစောပိုင်း၌ နေအိမ်မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင် ၂၂ ရက်နေ့၊ မနက်၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ဝပ်ဆောင်းကျေးရွာအုပ်စု၊ နောင်တောင်းကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကတ်တောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှမ်းသတ်ခဲ့ရာ ၂ နာရီ ၅၀မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times