#Local_News
Published 4 June 2025

▪️ ဂျပန်နိုင်ငံသို့ သွား‌ရောက်မည့် အမျိုးသမီးလုပ်သား၁၂၂ ဦးကို OWIC ကတ်ပြုလုပ်ခွင့်ထပ်မံခွင့်ပြုလိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

▪️ ဂျပန်နိုင်ငံသို့ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပြုလုပ်ခွင့် တင်ပြထားလျှောက်ထားလာကြသည့်  အေဂျင်စီ ၃၇ ခုမှ အမျိုးသမီး အလုပ်သမား ၁၂၂ ဦး အတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့်  OWIC ကတ်  ပြုလုပ်ခွင့်ပြုသည့် စာရင်းကို အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Telegram channel မှ ယနေ့ ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။

▪️ အဆိုပါအမည်စာရင်းတွင် ပါဝင်သူများသည် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ၅-၆-၂၀၂၅ ရက်တွင်တက်ရောက်ရမည်ဖြစ်ပြီး
OWIC  ကတ်ကို ၆-၆-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ရမည်ဖြစ်ကြောင်း ၊သတ်မှတ်နေ့ရက်တွင် သင်တန်းတက်ရောက်ခြင်း၊ OWIC ကတ် ပြုလုပ်နိုင်ခြင်းမရှိပါက ပြန်လည်တင်ပြရမည်ဖြစ်‌ေကြာင်း သိရသည်။ 

▪️ ထို့ပြင်အေဂျင်စီများအနေဖြင့် OWIC ရရှိပြီးသည့်အလုပ်သမားများအတွက် စေလွှတ်ခွင့်အား ထွက်ခွာလိုသည့်ရက် (ရက်သတ္တ တစ်ပတ်အတွင်း ) ဖော်ပြပြီး စေလွှတ်မည့်အလုပ်သမားစာရင်း၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ် မိတ္တူတိုနှင့်အတူ Excel Soft Copy ပြုစု၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ This email address is being protected from spambots. You need JavaScript enabled to view it. သို့ အမြန်ပြန်လည်တင်ပြရမည်ဖြစ်‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times