#Local_News
Published 5 June 2025
▪️ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့ (JDR) တွင် ပါဝင်ကူညီပေးခဲ့သော စကားပြန် ၂၃ ဦးကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကိုမေလ ၃ဝ ရက်က ဂျပန်သံအမတ်ကြီးနေအိမ်၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဂျပန်သံရုံးက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
▪️ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏အကြီးအကဲ မစ္စတာ ယိုရှိတခဲ ရှိုးဂိုသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့ (JDR) တွင် ပါဝင်ကူညီ ပေးခဲ့သော စကားပြန် ၂၃ ဦးကို ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့ကာဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးဂုဏ်ပြုလွှာကို ဂျပန်သံရုံး၏ သံတမန် ရေးရာလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကူညီပေးသော လူပုဂ္ဂိုလ် တစ်ဦးချင်းနှင့် အသင်းအဖွဲ့များသို့ ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times