၂၀ ဧပြီ ၂၀၂၅
တရုတ်နိုင်ငံအစိုးရ၏ သတ္တမအသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေး ပစ္စည်းများ ဧပြီ ၂၀ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်းသိရပါတယ်။
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများသည် ဆေးဝါးပစ္စည်းများဖြစ်ပြီး အလေးချိန် ၉၅တန်ကျော်ရှိပါတယ်။ Amoxicillin ဆေးတောင့် ၈၀၀,၀၀၀ ဗူး၊ Acetaminophen ထိုးဆေး ၁၂၂,၀၀၀ ပုလင်း၊ Cephradine capsules ၂၂၅,၀၀၀ ဗူး နှင့် Ibuprofen ၄၈၀,၀၀၀ ဗူး တို့ပါဝင်တယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းတွေကို ငလျင်ဘေးသင့် ဒေသများသို့ နေ့ချင်းပို့ဆောင်ပေးသွားမယ်လို့ လည်း သိရပါတယ်။
တရုတ်နိုင်ငံသည် ငလျင်ကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်းဖြင့် ဆက်တိုက်ပေးပို့လျက်ရှိရာ ပြီးခဲ့တဲ့ ဧပြီ ၁၁ရက်က ဆဋ္ဌမမြောက်အသုတ်အဖြစ် ရွက်ဖျင်တဲ ၂၃လုံးနှင့်အတူ ချက်ပြုတ် ပစ္စည်းများ၊ဆိုလာစွမ်းအင်သုံး စာကြည့် မီးလုံးများ၊ ဆပ်ပြာနှင့်ဆပ်ပြာရည်များ ၊ခေါင်းလျှော် ရည်များ၊ သွားတိုက်ဆေးနှင့်သွားတိုက်သံများ၊ ဆပ်ပြာမှုန့်များပါဝင်ခဲ့ပါတယ်။
တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံ သည် မြန်မာငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။
#ymg/knl