#Local_News
Published-2 October 2023
တောင်ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS- TOPIK)မှာ မသမာတဲ့နည်းနဲ့ ဝင်ရောက်ဖြေဆိုလျှင် ဖြေဆိုခွင့် ၄နှစ်ကြာပိတ်ပင်ခံရမည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS) က ကြေညာထားသည်။
တောင်ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို အောက်တိုဘာလ ၄ ရက် မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လူဦးရေ ၁၇၀၀ နီးပါး ဝင်ရောက်ဖြေဆိုသွားမ ည်ဟုသိရပြီး ကိုးရီးယားဘာသာအရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲဖြေဆိုမည့်သူများသိရှိလိုက်နာရန်အချက် များနှင့်ပတ်သက်၍ (POEA-EPS)က အသိပေးထားခြင်းဖြစ်သည်။
စာမေးပွဲဖြေဆိုချိန်တွင် မမှန်မကန်နည်းဖြင့်ပြုလုပ်နိုင်မည့် စက် ပစ္စည်းများ၊ ယူဆောင်ခွင့်မရှိကြောင်းနှင့် စာမေးပွဲ အတွင်းမမှန်ကန်သည့် အပြုအမူများ၊ လုပ်ဆောင်ခဲ့လျှင်ဖြေဆိုခွင့်အား (၄)နှစ်ကြာ ပိတ်ပင်ခံရမည်ဟု အသိပေးထားသည်။
သို့ဖြစ်ပါ၍ဖြေဆိုခွင့်ပိတ်သည့် အရေးယူမယ့်ကာလသည် ယခင်စာမေးပွဲများထက် ပို၍ ဖြေဆိုသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြေဆိုကြရန် အကြံပြုထားသည်။
ထို့အတူစာမေးပွဲဖြေဆိုခွင့်လျှောက်ထားရာတွင်လည်း အမည်၊ မွေးသက္ကရာဇ် ၊ နိုင်ငံကူးလက် မှတ်စသည့်အချက် များသည် နိုင်ငံကူးလက် မှတ်တွင်ပါရှိသော အချက်အလက် များနှင့် တူညီရန်လိုအပ်ပြီး ကွဲလွဲမှုရှိခဲ့လျှင် အပြီးသတ်အောင်စာရင်းတွင်ပါဝင်ခြင်းနှင့် အလုပ်ခွင်ဝင်ရောက်ခွင့်ရရှိမည်မဟုတ်ကြောင်း အသိပေးထားသည်။
Photo-(POEA-EPS)
#Local_News #ကိုရီးယားဘာသာ #အထူးသီးသန့်စာမေးပွဲ #ဖြေဆိုခွင့် ၄ နှစ်ပိတ်ခံရ #Yangon_Times/PP
#Local_News
Published-2 October 2023
ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၁၀၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက် မှ အောက်တို ဘာလ (၂)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၁၄) ခုနှင့် ပတ်သက်သည့် အချက်အလက် များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး (၆၀၀)ခန့်၊ စုစုပေါင်း ဦးရေ (၁၀၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက် မှ (၁၅) ရက်အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၃၄၂) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၁၀၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Local_News #ဂျပန်ကုမ္ပဏီ #မြန်မာအလုပ်သမား #Yangon_Times/PP
#Local_News
Published- 2 October 2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်တွင် YBS 111 က Light Truck ယာဉ်၏ နောက်ပိုင်းကို ဝင်တိုက် မိ၍ ထိခိုက်ဒဏ်ရာရရှိသူ ၅ဦးရှိကြောင်း Medical လူငယ်များလူမှုကူညီ ရေးအသင်းက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက် တွင် လေးထောင့်ကန် လမ်းမကြီးပေါ် ခပ်ချီးယားမှတ်တိုင်အနီး အထက်ပါအတိုင်း ဖြစ်ပွားခဲ့သောကြောင့် Light Truck ကား၏ ခေါင်းခန်းနှင့် နောက်ခန်းကို ခြားထားသည့် မှန်ကွဲသွားကြောင်း၊ ကားနောက်ပိုင်းလည်း အနည်းအကျဉ်းပျက်စီးသွားပြီး YBS ကား၏ ခေါင်းပိုင်း ပိန်ချိုင့်သွားကာကားမှန်လည်း အက်ကွဲသွားကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် Light Truck ကားမောင်းသူ အပါအဝင် နောက်ခန်း၌ လိုက်ပါလာသူများအနက် အမျိုးသား၊ အမျိုးသမီး (၅) ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူများ Medical လူငယ်များလူမှုကူညီရေး အသင်း(ရန်ကုန်)မှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့သောကြောင့် ယခုအခါ ဆေးကုသမှုခံယနေကြကြောင်း သိရသည်။
#Local_News #Light_Truckကားကိုဝင်တိုက် #၅ဦးဒဏ်ရာရ #သင်္ဃန်းကျွန်း #Yangon_Times/PP
#Local_News
Published_ 2 October 2023
ခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန်လေးသိန်းတင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။
ယခင်က ထိုင်းနိုင်ငံသို့ ပြောင်းသီးနှံအများဆုံးတင်ပို့ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ရက် မှ ဩဂုတ်လ ၃၁ရက် အထိအခွန်ကင်းလွတ်ခွင့်ရရှိခဲ့၍ စက်တင်ဘာလတွင် တင်ပို့မှုသိသိသာသာလျော့သွားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ယခုနှစ်စက်တင်ဘာလမှစ၍တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရန် ဈေးကွက်ရှာဖွေခဲ့ခြင်း ဖြစ်ပြီး ဘိန်းအစား ထိုးပြောင်းအပြင် GACC ဖြင့်လည်း တင်ပို့ဖို့ရန် လုပ်ဆောင်နေကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်သို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။
ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့လည်း တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်းလည်းသိရသည်။
#Local_News #ပြောင်းတန်ချိန် #လေးသိန်းတင်ပို့
#Yangon_Times/PP
#Local_News
Published_ 2 October 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဖြတ်သန်းသွာလာရေးဂိတ်များတွင် တရားဝင်ဗီဇာ(Business Visa)ဖြင့် အောက်တိုဘာ(၁)ရက်မှစတင်ကာ ဝင်ထွက်သွားလာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အောက်တိုဘာ(၁)ရက် မနက်ပိုင်းတွင် မြန်မာနိုင်ငံမှ မူဆယ်ခရိုင်၊လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် ဒေသနှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ရွှေလီမြို့တော်ဝန် Mr. Shang La Sianနှင့်တကွ တာဝန်ရှိကြသူများသည် မူဆယ်-ရွှေလီနယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်တွင် တရားဝင်ဗီဇာဖြင့် စတင် ဝင်ထွက်ခြင်းအစီအစဉ်ကို စတင်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
ပထမဆုံးရောက်ရှိလာသည့် တရုတ်နိုင်ငံသား Mr. Wu Chunmingကို နှစ်ဖက်တာဝန်ရှိသူတွေကကြိုဆိုလက်ခံလျက် လာရှိုးမြို့သို့ ဆက်လက် သွားရောက်နိုင်ရေးအဆင်ပြေရန်အတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ယာဉ်နှင့်ဟိုတယ်တည်းခိုရန်တို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဆောင်ရန်/ရှောင်ရန်များ၊ ဗီဇာစည်းမျဉ်းစည်းကမ်းများနှင့်သက်ဆိုင်သည်များကို တရင်းတနှီး ရှင်းပြပြော ကြားခဲ့ကြောင်း သိရှိရပါတယ်။
#-msiprd/ymg #Local_News #မြန်မာ-တရုတ်နယ်စပ် #တရားဝင်ဗီဇာ #(Business Visa)
#Yangon_Times
ကိုဗစ်ကာလပြီး နောက်ပိုင်းမှာ အခြားအလုပ်အကိုင်များရှားပါးလာတဲ့အတွက် အလုပ်ကိုင်သက်သာပြီး ဝင်ငွေအသင့်တင့်ရရှိတာကြောင့် ဆံပင်အရောင်းဝယ်လုပ်သူ ပို
များလာတယ်လို့ ရန်ကုန်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးလုပ်သူတွေထံက သိရပါတယ်။
Published_ 1 October 2023
#Local_News
#ဆံပင်ဝယ်ရောင်းလုပ်သူများ #ဝင်ငွေအသင့်တင့်ရရှိ
#YMG/LW #Yangon_Times
#Local_News
Published 1 October 2023
အိန္ဒိယနိုင်ငံ၏ အမျိုးသားဖခင်ကြီးဖြစ်သော မဟတ္တမဂန္ဒီမွေးနေ့ပွဲအထိမ်းအမှတ်အဖြစ်" (၁၅၄)နှစ် မြောက်မဟတ္တမဂန္ဒီ၏မွေးနေ့အထိမ်းအမှတ်အခမ်းအနား"ကိုရန်ကုန်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှသိရသည်။
အဆိုပါအခမ်းအနားကို အောက်တိုဘာလ၂ရက်နေ့တွင် ကုန်သည်လမ်းနှင့်ရွှေဘုံသာလမ်းထောင့်ရှိ Swami ViVekanand Cultural Center(India Center)၌ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
မဟတ္တမဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ၊အမျိုးသားဖခင်ကြီး တစ်ဦးဖြစ်ပြီး နှစ်စဉ်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏စီစဥ်မှုဖြင့် သံတမန်များ၊မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံသားများ၊မြန်မာနိုင်ငံတွင်းရှိအိန္ဒိယနွယ်ဖွားများ၊မြန်မာနိုင်ငံသားမိတ်ဆွေများစုပေါင်းကာ ဂန္ဒီ၏ မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုကျင်းပလေ့ရှိကြောင်းသိရသည်။
#tth #lYangon_Times
Page 1352 of 2529