#Daily_News
Published_ 4 October 2023
၁။ ရွှေတံဆိပ်ဆုပိုက်ပြီး ပြန်လာမည့် မြန်မာပိုက်ကျော်ခြင်းအသင်းကို ကြိုဆိုဂုဏ်ပြုမည်
၂။ (၃)နှစ်ဆက်တိုက် မကျင်းပဖြစ်သည့် ‘ကျိုက္ခမီရေလယ်ဘုရားပွဲတော် နှင့် ဆွမ်းအိုးမျှောပွဲ’ ပြန်လည်ကျင်းပမည်
၃။ ထိုင်းသို့ မြန်မာ့ကော်ဖီအစိမ်း တင်ပို့တာရပ်ဆိုင်းထား
၄။ ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ်အရောင်းပွဲသင်္ဘောကြီး ကင်ညာဆိပ်ကမ်းမြို့တွင် ဆိုက်ကပ်ထား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ကားဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပြီး ပြည်တွင်းထုတ်လုပ်မှု ပိုများလာပါက ဆက်လက်ကျဆင်းနိုင်
တစ်လအတွင်း ကားတစ်စီးကို အမျိုးအစားအလိုက် သိန်းတစ်ရာကနေတစ်ထောင်ခန့် အထိဆက်လက်ကျဆင်း
Yangon_Times/NN
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
မြန်မာလှေလှော်အသင်း မီတာ၂၀၀ပွဲတွင် အာရှအဆင့်(၄)ဖြင့် ကျေနပ်ခဲ့ရ၊မီတာ၅၀၀ ထပ်ပြိုင်မည်
ရိုးရာလှေ(နဂါးလှေ)မီတာ၂၀၀အမျိုးသားပြိုင်ပွဲမှာ ပထမတရုတ်၊ဒုတိယထိုင်း၊ တတိယအင်ဒိုရရှိခဲ့ပြီး မြန်မာဟာ စတုတ္ထနေရာအဆင့်(၄)ရရှိခဲ့ကာ မြန်မာအမျိုးသမီး မီတာ၂၀၀ လှေလှော်အသင်းမှာ ပထမတရုတ် ၊ဒုတိယထိုင်း၊ တတိယအင်ဒိုရရှိခဲ့ပြီး မြန်မာဟာ စတုတ္ထနေရာအဆင့်(၄) ရရှိခဲ့ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 4 October 2023
ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့တွင် ကျင်းပမည့် အာရှပစိဖိတ် အိမ်ခြံမြေ ကွန်ဗေးရှင်း နှင့်ကမ္ဘာ့အိမ်ခြံမြေ အဖွဲ့ချုပ်(FIABCI - Thai)နှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA)မှ တက် ရောက်ရန်အောက်တိုဘာလ ၄ရက်(ယနေ့) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထိုင်းနိုင်ငံသို့ထွက်ခွာသွားကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲအား ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၅ရက် မှ ၆ ရက်ထိဘန်ကောက် မြို့၊The Berkeley ဟိုတယ်တွင် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်၏ ဖိတ် ကြားချက်အရ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)ဥက္ကဌ ဦးခင်မောင်သန်းမှ ဦး ဆောင်၍ အသင်းသူ၊အသင်းသား တစ်ရာကျော်မှ ပထမဦးဆုံးအကြိမ် ပါဝင်တက်ရောက် ရန် ရန်ကုန်မြို့မှထွက်ခွာသွားသည်။
“FIABCI လို့ခေါ်တဲ့ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ် ဟာ ၁၉၅၁ ခုနှစ်မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ထောင်ခဲ့ပါတယ်။ ဒီကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်ကနေပြီးတော့ မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်း(ဗဟို)ဥက္ကဌနဲ့အသင်းသားများကိုတရားဝင်ဖိတ်ကြားခဲ့ပါတယ်။
ဒါဟာမြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနဲ့အသင်းသားများအတွက် အများကြီးအကျိုးရှိသလိုအခွင့်အလမ်း ကောင်းတခုလည်းဖြစ်ပါတယ်။ကမ္ဘာ့နိုင်ငံတွေမှာ ဆောင်ရွက်နေတဲ့ ဝန်ဆောင်မှုတွေအပြင် နိုင်ငံတကာ နဲ့လည်း ချိတ်ဆက်ပြီးဝန်ဆောင်မှုပေးနေတာကို လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်"ဟုဦးခင်မောင်သန်းကဆိုသည်။
ယင်းနှီးနှောဖလှယ်ပွဲသို့ နိုင်ငံတကာမှ ထိပ်တန်းရင်းနှီးမြှုပ်နှံသူများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အကျိုးဆောင်များ၊အိမ်ခြံမြေဆိုင်ရာမန်နေဂျာများတက်ရောက်ကြမည်ဖြစ်ပြီးထိပ်တန်းကမ္ဘာ့အိမ်ခြံမြေရောင်းဝယ်ရေးသမားများနှင့်လည်း နှီးနှောဖလှယ်ခွင့်ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)အနေဖြင့် အာဆီယံအိမ်ခြံမြေအသင်း (ARENA) သို့ ၂၀၁၆ခုနှစ်ဩဂုတ်လ ၂၆ရက်တွင်အာဆီယံ ရှစ်နိုင်ငံနှင့် MoU ရေးထိုး၍ဝင်ရောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင် MRESAကိုပြင်သစ်နိုင်ငံနိုက်စ်မြို့ အခြေစိုက် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်မှ အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ကော်ဖီစေ့တင်ပို့မှု ဈေးမတည်ငြိမ်၍ ထိုင်းသို့ မြန်မာကော်ဖီအစိမ်း တင်ပို့ခြင်းရပ်ဆိုင်း
အခုနှစ်ရာသီချိန်မှာတော့ ပင်လယ်ရေကြောင်းလိုင်းကသာ အဓိက တရားဝင်တင်ပို့ဖို့သာရှိပေမယ့် သက်ဆိုင်ရာက ဖြေလျော့တာတွေ လုပ်ပေးရင်လည်း တောင်သူတွေ တွက်ခြေကိုက်နိုင်ပြည်တွင်းကော်ဖီ သောက်သုံးမှု မြင့်တက်မလာသေးတာကြောင့် ပြည်ပတင်ပို့တာ လျော့ချရင်အခက်အခဲရှိနိုင်ပါတယ်။
Yangon_Times/NN
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
‘ကျိုက္ခမီရေလယ်ဘုရားပွဲတော်’ ပြန်လည်ကျင်းပမည်
‘ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်’ ကို အောက်တိုဘာ ၂၃ ရက် မှ ၂၇ ရက် အထိ ကျင်းပ သွားမှာဖြစ်ပြီး အသံမစဲ မဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကျင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ၂၉ ရက်သီတင်းကျွတ်လပြည့်နေ့ မနက် ၃ နာရီမှာတော့ ‘ဆွမ်းအိုးမျှောပွဲ’ကို ကျင်းပသွားမှာဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်’ ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ
Yangon_Times/tthl
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ်ဆု ထိုက်ထိုက်တန်တန်ရရှိ
‘အောက်တိုဘာလ(၇)ရက်မှာ ရွှေဆုရရှိတဲ့ မြန်မာပိုက်ကျော်ခြင်းအသင်းဝင်တွေနဲ့ ပြိုင်ပွဲဝင်တွေအားလုံး မြန်မာနိုင်ငံကို ပြန်လာကြမှာဖြစ်ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲချုပ် နဲ့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ သွားရောက်ကြိုဆို ဂုဏ်ပြုကြမှာဖြစ်ပါတယ်’မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲချုပ်
Yangon_Times/tthl
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1347 of 2529