Publicshed 22 April 2024
ရန်ကုန်ယူနိုက်တက်(ယူ-၂၀)ဘောလုံးအသင်းအတွက် ကစားသမားသစ်များအားယနေ့မှ စတင်၍ ရွေးချယ်
နေပြီဖြစ်ကြောင်းသိရသည်။
လာမည့် ၂၀၂၄ ဘောလုံးရာသီတွင်ယှဉ်ပြိုင်သွားမည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းတွင် လိုအပ်သည့်နေရာများကိုထပ်မံဖြည့်တင်းရန်အတွက် ကစားသမားအသစ်ရွေးချယ်မှုများပြုလုပ်နေခြင်းဖြစ်သည်။
ထိုသို့ရွေးချယ်ရာတွင် ဧပြီလ ၂၂ရက်မှ ၂၆အထိ (၅ ရက်) တိုင်တိုင် Yangon United Sports Complex ၌ ရွေးချယ်နေခြင်းဖြစ်ကြောင်းသိရသည်။
လာရောက်ရွေးချယ်ခံသူများအနေဖြင့် ၂၀၀၄ ခုနှစ် ဇွန်လ၁ရက် နောက်ပိုင်း မွေးဖွားသူဖြစ်ရမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းတွင် ပါဝင်ကစားနိုင်မည့်အခွင့်အရေးကောင်းတစ်ခုဖြစ်သည့်အတွက် စိတ်ပါဝင်စားသည့် လူငယ်ဘောလုံးအားကစားသမားများအားဖိတ်ခေါ်ထားကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 April 2024
၁။ နိုင်ငံရေးမျက်နှာစာကို ပြန်မဖွင့်ပေးရင် လက်နက်ကိုင်ကိုအားပေးတာနှင့် အတူတူပဲဟု ဦးကိုကိုကြီးပြော
၂။ သင်္ကြန်ပြီးကာလတွင် ငရုပ်ပွဝယ်လိုအားနည်းပြီး ဈေးထက်ဝက်ခန့် ကျဆင်း
၃။ ကုန်ကြမ်းရှားပါးမှုကြောင့် တစ်နိုင်တစ်ပိုင် ပုသိမ်ထီးလုပ်ငန်းများ ရပ်ဆိုင်းနေ
၄။ (၁၄)ကြိမ်မြောက် ပေကျင်းနိုင်ငံတကာရုပ်ရှင်ပွဲတော် တရုတ်မြို့တော်တွင် စတင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
သက်ြန်ကာလအလွန်မှာ ဈေးကွက်ပြန်ဖွင့်လာတဲ့ ရန်ကုန် ရွှေရည်ညွှန်းဈေးဟာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း၄၀နားထိ ကပ်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
အခုနှစ်အတွင်း ပုသိမ်ထီးလုပ်ကိုင်ရာမှာအသုံးပြုတဲ့ ကုန်ကြမ်းတွေ ပိုရှားပါးလာတာကြောင့် တစ်နိုင်တစ်ပိုင်ပုသိမ်ထီးလုပ်ငန်းများ ရပ်ဆိုင်းနေရတယ်လို့ ပုသိမ်မြိုကလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ပြီးကာလမှာ ဈေးကွက်အတွင်း ကုန်အဝင်များလာပြီး ဝယ်လိုအားနည်းနေတဲ့အတွက် ငရုပ်ပွဈေး ထက်ဝက် ခန့် ကျဆင်းလာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
ယခင်က တစ်ပိသာကို ကျပ် ၆၀၀၀ မှ ၇၀၀၀ ဝန်းကျင်ရှိရာကနေ ယခုရက်ပိုင်းမှာ တပိသာကိုကျပ်၂၅၀၀မှ ၄၀၀၀ကျပ် ဝန်းကျင်သာ ရှိတော့တယ်လို့ ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ နိုင်ငံရေးအားကောင်းအောင် ပတ်ဝန်းကျင်ကိုပြန်ပြီးတော့ မဖန်တီးပေးဘူးဆိုရင် ပြည်သူက နိုင်ငံရေးနည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတာ အယုံအကြည်မရှိတော့ဘဲ ဖာသိဖာသာနေသူတွေနဲ့ နိုင်ငံရေးနည်းလမ်းနဲ့တော့ မရတော့ဘူး ချမှရမယ်ဆိုပြီး လက်နက်ကိုင်ကို သွားအားပေးသလိုပဲဖြစ်တယ်။ (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး)
Yangon_Times/tthl
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 April 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ရတနာနှင်းဆီအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားကြောင်း အရှေ့ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
ဧပြီ ၂၂ရက် မွန်းတည့် ၁၁နာရီ ၃၇မိနစ် က လောင်ကျွမ်းခြင်းဖြစ်ကာအရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးနှင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
""၁၃လွှာမှာလောင်တယ်လို့ကြားတယ် အထပ်မြင့်ဆိုတော့ လှေကားအမြင့်ပါတဲ့ မီးသတ်ကားတွေနဲ့ငြိမ်းသတ်နေရတယ် လူထိခိုက်ဒဏ်ရာရတယ်တော့ မကြားမိသေးဘူး""ဟု အနီးနားနေထိုင်သူတစ်ဦးကပြောသည်။
မီးသတ်တပ်ဖွဲ့များ၏ မီးငြိမ်းသတ်မှုကြောင့် ၁၁နာရီ ၅၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၁၁နာရီ ၅၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်သည့် အကြောင်းရာနှင့် ဆုံးရှုံ မှု တန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Yangon_Times/ LW
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group

Page 990 of 2529