၁၀ ဇွန် ၂၀၂၄
သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် ရန်ကုန်UG အဖွဲ့ဝင် (၉) ဦးတို့ကို ၁ဝ၇ မမ ရှော့တိုက်ဒုံးသီးများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
ဇွန်လ ၈ ရက်တွင် သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကျင်းပရာသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန်စီစဉ်လျက်ရှိကြောင်း သတင်းရရှိတဲ့အတွက် ဖော်ထုတ်ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။
ရန်ကုန်UGအဖွဲ့ဝင်တွေဖြစ်ကြတဲ့ စိန်ကြီး(ခ)အောင်ထွေး(၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင်(၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင်ဟိန်း(၂၄)နှစ်၊ အောင်သူရထွန်း(၂၅)နှစ်၊ ပြည့်ဖြိုးဇော်(၁၈)နှစ်နှင့် ထက်အာကာလင်း(၂၆)နှစ်တို့ ၇ ဦးအား ၁ဝ၇ မမရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက် ၊သင်္ဘောကျင်းဝန်ထမ်း အိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့ရဲ့ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင်ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်း ကောင်း၊ဇာနည်အောင်(ခ)ကိုဇာ(၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း အသီးသီးထပ်မံ ဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့အဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်အရ Brigate Drone Force PDFအဖွဲ့ဝင် အာကာမင်း မှ ၂၀၂၄ ခုနှစ်၊ ဧပြီလတတိယပတ်တွင် Instagram မှတစ်ဆင့် ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများအား သင်ကြားပေးခဲ့ပြီး အာကာမင်းမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါ တယ်။၊
သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲကိုပစ်ခတ်ရန်အတွက် မေလ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲ့ဝင် ဖြူနှင်း အေး(ခ)မီးအိမ်ရှင် မှ စိန်ကြီး(ခ)အောင်ထွေး အား ဆက်သွယ်၍ ၁၀၇ မမရှော့တိုက် ဒုံးသီး ၃ လုံးနှင့် လက်ပစ်ဗုံး ၂ လုံးတို့အား ချိတ်ဆက်ပို့ဆောင်ပေးခဲ့သဖြင့်စိန်ကြီး(ခ)အောင်ထွေး၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင် တို့ ၃ ဦးမှ ပုဇွန်တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် (စိစစ်ဆဲ)ကျား ၂ ဦးထံမှ သွားရောက်ယူဆောင်ခဲ့ပြီး သိုဝှက်သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။ ဖြူနှင်းအေး(ခ) မီးအိမ်ရှင်မှာ လွတ်မြောက် နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ)ဟိန်းထက်အောင်၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင်(ခ) ကိုဇာနှင့် ချစ်ကေခိုင် တို့ ၇ ဦးသည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သန်လျင်တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ရာ အနီး တစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေတို့အား ၅ ကြိမ် သွားရောက်ကြည့်ရှုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီနောက်၁၀၇ မမ ရှော့တိုက်ဒုံးပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်းအောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ် သတ်မှတ်ခဲ့ပြီး ဇွန်လ ၈ ရက် တံတားဖွင့်ပွဲအခမ်းအနားကျင်းပမည့်အချိန်တွင် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊မ ၁ ဦး ပေါင်း ၉ ဦးတို့နှင့်အတူ ၁ဝ၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ် ပစ္စည်းများအားဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။
@ymg/knl




မိုးတွင်းကာလရောက်ရှိလာတဲ့အတွက် ရာသီဥတု အပူချိန်လျော့ကျလာတာကြောင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ အပန်းဖြေဆင်စခန်းတွေမှာ ဆင်စီးခွင့်ကို ဆင်းစခန်းဖွင့်ချိန် ၉နာရီ မှ ညနေ ၅နာရီ ခွဲအထိ တိုးမြှင့်ထားတယ်လို့ ပြည်ဆင်စခန်းရှိ တာဝန်ရှိသူတွေ ထံက သိရပါတယ်။
#Local_News
Published_10 June 2024
#အပန်းဖြေဆင်စခန်း #ဆင်စီးချိန်တိုးမြှင့်ထား
#YMG/LW #Yangon_Times
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပြည်နယ်နဲ့ တိုင်း(၉)ခုမှ စာစစ်ဌာန(၁၅၅)ခုရဲ့ တက္ကသိုလ်ဝင် အောင်စာရင်းတွေကို မြန်မာအသံရေဒီယိုမှထုတ်လွှင့်ပေးမယ်။ အထက်ပိုင်းဒေသတွေကိုလှိုင်းတို ၅၀.၇၁ မီတာ၊ ၅၉၁၅ကီလိုဟက်ဇ် အောက်ပိုင်းဒေသတွေအတွက် ၄၁၁.၅၂မီတာ၊ ၇၂၉ကီလိုဟက်ဇ်မှ ထုတ်လွှင့်ပေးမယ်။
#Local_News
Published_10 June 2024
#တက္ကသိုလ်ဝင်အောင်စာရင်း #ရေဒီယိုမှ ထုတ်လွှင့်
#tthl #Yangon_Times
ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေကို တာချီလိပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တင်သွင်းနေရတဲ့အတွက်ခရမ်းချဉ်သီးဈေး ယခင်ထက် အနည်းငယ်မြင့်တက်လာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်
#Local_News
Published_10 June 2024
#ခရမ်းချဉ်သီး #ထိုင်းမှဝယ်ယူမှုများနေ
#YMG/LW #Yangon_Times
အိန္ဒိယဝယ်လိုအားကြောင့် မြန်မာ့မတ်ပဲ ဈေးကွက်အလားအလာကောင်းပြီး ဈေးဆက်မာနိုင်တယ်လို ပဲဈေးကွက်ထဲ ကသိရပါတယ်။
#Local_News
Published_10 June 2024
#အိန္ဒိယဝယ်လိုအားမြင့် #မြန်မာ့မတ်ပဲဈေးဆက်မာနိုင်
#YMG NN #Yangon_Times
'အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲ' မှာ မြန်မာနိုင်ငံမှ ကျောင်းသားအားကစားအဖွဲ့က ဗိုဗီနမ်အားကစားဖြင့် ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ် (၁)ဆု၊ ကြေးတံဆိပ် (၄)ဆုစုစုပေါင်း(၇)ဆုတို့ ဆွတ်ခူးခဲ့တယ်။
#Local_News
Published_10 June 2024
#'အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ' #မြန်မာမှရွှေ(၂)ဆု
#tthl #Yangon_Times
#Local_News
Published 10 June 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် အုတ်ပုံဆိပ်လမ်းထောင့်တွင် ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့်ပရဟိတအသင်းထံက သိရသည်။
▪️ ဇွန်လ ၁၀ရက် မွန်းတည့် ၁၂နာရီ ၅၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
▪️ ထိုသို့မီးငြိမ်းသတ်သောကြောင့် နေ့လည် ၁နာရီဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ယာဉ်မောင်းမှာ အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါကားမီးလောင်မှုဖြစ်စဥ်ဖြစ်ပွါးသည့်နေရာသို့ "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ကျအသင်းဝင်များက လူနာတင်ယာဥ်(၁)စီးတို့ဖြင့် ထွက်ခွာခဲ့ပြီး လက်တွင် အနည်းငယ်ပွန်းပဲ့ရှနာဒဏ်ရာရရှိသည့် ယာဉ်မောင်းအမျိုးသားအား ဆေးထည့်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 907 of 2532