#LocalNews
Published_26 April 2022
ငြိမ်းချမ်းရေးအတွက် SAC ဖိတ်ကြားချက်ကို ဆုံးဖြတ်နိုင်ဖို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) အနေနဲ့ အထူးအစည်းအဝေးလုပ်မယ်လို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ(PPST) အဖွဲ့ဝင်လည်းဖြစ် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
#Yangon_Media_Group
Published 26 April 2022
ဧဒင်လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို စစ်ဆေးမှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကအတည်ပြုပါတယ်။YMGရဲ့မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားချက်အပြည့်အစုံကိုဖော်ပြပေးလိုက်ပါတယ်။
#LocalNews
Published - 26 April 2022
စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် စစ်ကိုင်းတိုင်း
အတွင်းရှိ ခရီးသည်တင်လိုင်းကားခ ဈေးနှုန်းများဟာ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-26 April 2022
လေကြောင်းလိုင်းတွေပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း ပုဂံဒေသကို နိုင်ငံခြားသားခရီးသွားတွေ လာရောက်မှုမရှိသေးဘူးလို ပုဂံဒေသခံခရီးသွားဧည့်လမ်းညွှန်(Tourist Guide)တွေထံမှသိရပါတယ်၊
#Yangon_Media_Group
#Local News
Published-26 April 2022
ရုရှားနိုင်ငံမှာ မြန်မာ့သိုင်းပညာရပ်ထွန်းကားပြန့်ပွားစေရေးအတွက် ရုရှားလူမျိုး၊ မြန်မာ့သိုင်းဝါသနာရှင်တွေနဲ့ အချိန်ယူတွေ့ဆုံကာ မြန်မာ့သိုင်းပညာရပ်များကို ဆွေးနွေးဖလှယ်ခြင်း၊လေ့ကျင့်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့ မော်စကိုမြို့ရှိ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
မြန်မာ့သိုင်းနည်းပြ ဗိုလ်ကြီးမျိုးမင်းသန့်က ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ (၄)နှစ်တာ ကာလအတွင်း အဲဒီ့လိုစဉ်ဆက်မပြတ် ကြိုးစားလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ DME လေဆိပ် လုံခြုံရေးဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ DME Group အနေနဲ့ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြန်မာ့သိုင်း ပညာသင်ယူလိုသူ လူပေါင်း (၅၄၀၈)ဦး တို့ကို သင်ကြားပေးခဲ့ပြီး လက်ရှိမှာ မြန်မာ့သိုင်းပညာသင်ကြားနေသူ သင်တန်းသား (၁၀၀၀)ခန့်ရှိတယ်လို့ မော်စကိုမြို့ရှိမြန်မာသံရုံးကထုတ်ပြန်ထားပါတယ်၊၊

ဧပြီလ(၂၅)ရက်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးဟာ ရုရှားနိုင်ငံမှာဖွဲ့စည်းထားတဲ့ မြန်မာ့သိုင်း(ရှမ်းကြီး)ကိုယ်ခံပညာရပ်အဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ရုရှားနိုင်ငံ၊မော်စကိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊၊
အဲဒီလိုတွေ့ဆုံဆွေးနွေးရာမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ မြန်မာ့ရိုးရာသိုင်းပညာရပ်ဆက်လက်အဓွန့်ရှည်ပြန့်ပွားစေရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေနဲ့ ရုရှားနိုင်ငံမှာ မြန်မာ့သိုင်းလှုပ်ရှားမှုတွေအပေါ်အခြေခံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်စေရန် ဆောင်ရွက်နိုင်မယ့်အစီအစဉ်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်၊၊
အဲဒီ့တွေ့ဆုံဆွေးနွေးပွဲမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးနဲ့အတူ ရုရှားနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ မြန်မာ့သိုင်း(ရှမ်းကြီး)ကိုယ်ခံပညာရပ်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တွေ ဖြစ်တဲ့ Domodedovo (DME) အပြည်ပြည်ဆိုင်ရာလေဆိပ်ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Dmitry Kamenshchik Vladimirovich ၊ DME လေဆိပ်အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင် Mr. Kogan Valery Mikhaylovich ၊ လက်ရှိ DME လေဆိပ်လုံခြုံရေးတာဝန်ခံ မြန်မာ့သိုင်း (ရှမ်းကြီး) နည်းပြ Mr. Victor Smirnov Valentinovich နဲ့ မြန်မာ့သိုင်းနည်းပြ ဗိုလ်ကြီး မျိုးမင်းသန့်တို့ ပါဝင်ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_26 April 2022
ရှေးဟောင်းဘုရားစေတီတွေ ၊ သန်းနဲ့ချီတဲ့ လင်းနို့တွေအပါအဝင် ဇီဝမျိုးကွဲတွေ နှစ်ရှည်ခိုအောင်းနေတဲ့ မွန်ပြည်နယ်ထဲက အကြီးဆုံးထုံးကျောက်ဂူကို သွားရောက်လေ့လာခွင့် ပိတ်မထားဘူးလို့ သက်ဆိုင်ရာက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-26 April 2022
အပူဒဏ်ကြောင့် ရုတ်တရတ်သတိလစ်ခြင်း(Heat Stroke)ဖြစ်ပွားခြင်းနဲ့ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း(Heat Exhaustion)တွေအပါအဝင် သတိပြုရမည့် အပူဒဏ်အန္တရာယ်တွေကိုကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ဧပြီလ(၂၆)ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်၊၊
အပူဒဏ်ကြောင့် ရုတ်တရတ်သတိလစ်ခြင်း(Heat Stroke)ဖြစ်ပွားပြီး အသက်ဆုံးရှုံးခဲ့သူတွေ ရှိခဲ့ဖူးအတွက် အထူးသတိပြုဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးတာဖြစ်ပါတယ်၊၊
အဲဒီ့ သတိပေးချက်တွေထဲမှာ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နဲ့ယားနာထွက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊မူးဝေခြင်း၊ခေါင်းကိုက်ခြင်း၊ကြွက်တက်ခြင်း၊ချွေးခြောက်ခြင်း၊ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းအပြင် ပြင်းထန်ပါက အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပေးထားတဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေကို လိုက်နာရမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
အဓိက ရှောင်ကြဥ်ရမယ့်အချက်တွေကတော့ နံနက်(၁၀)နာရီမှ(၄)နာရီအတွင်းနေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်း၊ပူပြင်းတဲ့ နေရောင်အောက်မှာ အလုပ်လုပ်ခြင်း၊ပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊နေပူထဲပြန်လာလာချင်းချက်ချင်းရေချိုးခြင်း၊ ပူပြင်းတဲ့နေရာမှအဲကွန်းရှိပြီးအေးတဲ့နေရာတွေ ချက်ချင်းဝင်ရောက်တာကို ရှောင်ကြဥ်ရမှာဖြစ်ပါတယ်၊၊
အပူဒဏ်ပြင်းထန်နေချိန်မှာ ရှောင်ကြဥ်ရမယ့်အချက်တွေ၊လိုက်နာရမယ့်အချက်တွေ၊အရေးပေါ်ရှေးဦးပြုစုနည်းတွေကိုလည်း ထုတ်ပြန်ချက်မှာအသေးစိတ်ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 2329 of 2477