TV Yangon Times Matters အစီအစဉ်
Published - 9 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဌေးအောင်(ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ)နှင့်အတူ
-"၁၉၅၄ ခုနှစ်က အနုပညာအလုပ်စလုပ်ခဲ့တာ အနုပညာသက်တမ်း ၆၈ နှစ်ရှိပြီဖြစ်ကြောင်းအသံတိတ်ရုပ်ရှင်ခေတ်လည်း မီခဲ့သူဖြစ်ကြောင်း
-ယဉ်ကျေးမှုတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဝိဇ္ဇာဘွဲ့ရခဲ့ယူပြီး အနုပညာသင်တန်း(၁၂)ခုတွင် သင်တန်းပို့ချ ပေးလျှက်ရှိပြီး ရုပ်ရှင်သရုပ်ဆောင်များစွာ မွေးထုတ်ပေးလျှက်ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published-9 October 2022
ယနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ပြန်လည်မြင့်တက်လာပြီး 92 တစ်လိတာကို ၂၀၀၀ အထက် ပြန်လည်ရောက်ရှိလာတယ်လို စက်သုံးဆီအရောင်းဆိုင်တွေရဲ့ဈေးနှုန်းအရ သိရပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 9 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဌေးအောင်(ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ)နှင့်အတူ
-"၁၉၅၄ ခုနှစ်က အနုပညာအလုပ်စလုပ်ခဲ့တာ အနုပညာသက်တမ်း ၆၈ နှစ်ရှိပြီဖြစ်ကြောင်းအသံတိတ်ရုပ်ရှင်ခေတ်လည်း မီခဲ့သူဖြစ်ကြောင်း
-ယဉ်ကျေးမှုတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဝိဇ္ဇာဘွဲ့ရခဲ့ယူပြီး အနုပညာသင်တန်း(၁၂)ခုတွင် သင်တန်းပို့ချ ပေးလျှက်ရှိပြီး ရုပ်ရှင်သရုပ်ဆောင်များစွာ မွေးထုတ်ပေးလျှက်ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_9 October 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့ သီတင်းကျွတ်လပြည့်နေ့နံနက်ပိုင်းက စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်း ဆွမ်းဆန်တော်လောင်းလှူပွဲတွင် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှ စတင်ကာ ဝင်္ကပါကွင်းတစ်ပတ် လမ်းတစ်လျှောက် ကြွရောက်လာသော စစ်တွေမြို့ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အပါး ၅၀၀ ကျော်နှင့် သီလရှင် ၁၀၀ ကျော်တို့အား ဆွမ်းဆန်တော်များ၊ အချိုရည်နှင့် အလှူဝတ္ထုပစ္စည်းများကို စေတနာထက်သန်စွာဖြင့် ကုသိုလ်ယူလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_9 October 2022
ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို ယနေ့ အောက်တိုဘာလ ၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် လာရောက်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို အောက်တိုဘာလ ၈ ရက် မှ အောက်တိုဘာလ ၁၄ ရက် အထိ လက်ရှိ COVID-19 ကူးစက်ကပ်ရောဂါကြောင့် ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးခတ်ပြိုင်ပွဲ၊ ဇာတ်ပွဲများ စသည့် ပျော်ပွဲရွှင်ပွဲများထည့်သွင်း မကျင်းပဘဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲဖြင့် အကျဉ်းချုံးသာ ကျင်းပနေခြင်းဖြစ်ကြောင်းလည်း ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ် ဆံတော်ရှင်ဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကသိရ သည်။
ယနေ့ သီတင်းကျွတ်လပြည့်နေ့ နံနက်အစောပိုင်း ဆွမ်းအိုးမျှောခြင်းကိုလည်း ပြုလုပ်ခဲ့ကြကြောင်း၊COVID-19 ကူးစက်ကပ်ရောဂါ ကာလဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းရရှိသည်။
Photo -Myint Soe
ymg/mt
#Yangon_Media_Group









Published 9 October 2022
မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ထိန်းသိမ်းကိုင်တွယ်ဖို့ရဉ်ရွယ်ပြီး ကြီးကြပ်မှုကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့တယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားပါတယ်။ အဲဒီ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ် မှုကော်မတီကို ၂၀၂၂ခုနှစ် ဩဂုတ် ၂၇ ရက်မှာ နစက,က ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တစ်ဦးက ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပါတယ်။
#Local_News
Published_ 9 October 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ အောက်တိုဘာ ၉ ရက် နံနက် ၄ နာရီခွဲက ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင် ထားဝယ်မြစ်ကမ်း၌ ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲတွင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အရှင်ဥပဂုတ္ထမထေရ်မြတ်အား သပိတ်မျှော၍ ဆွမ်းဆက်ကပ်ကုသိုလ်ပြုခဲ့ကြပြီး ဒေသခံပြည်သူများက ထားဝယ်ရိုးရာ သပိတ်မျှော မုခ်ဦးမှစ၍ အကွေ့များပါ သောဝင်္ကဘာကို ပျှော်ရွှင်စွာဖြတ်ကျော်ကာ သပိတ်မျှော၍ ဆုတောင်းပတ္ထနာပြုပြီး ကုသိုလ်ယူခဲ့ကြပါတယ်။
သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကျင်းပလေ့ ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲ လာရောက်သူများကို စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံအငယ်လွှတ်တင်ခြင်း၊ ထားဝယ်ရိုးရာ ယဉ်ကျေးမှုအက၊ ထားဝယ်ဒေသ သပိတ်မျှောပွဲအက၊ ရွှေဝယ်သူများ ရေအိုးရွက် ယိမ်း အက၊ သမိုင်းအလှ တနင်္သာရီအက၊ ရှေးထားဝယ်ရိုးရာ ယိမ်းအက၊ ရွှေဝယ်သူများ ရေခပ် သွားအက၊ အိုးစည်အကများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက်ကြပါတယ်။
သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုး စသည့်လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီးမီးများထွန်းညှိကာ သပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတု မိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်တိုင်းရင်းသားလူမျိုးများက ရှေးအစဉ်အဆက်မှ ယခုတိုင် သပိတ်မျှောပွဲတော်ကို ကျင်းပလာခဲ့ခြင်းဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group




Page 1861 of 2379