မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆-၂၀၃၀) ကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေး အစိုးရ-ပုဂ္ဂလိကကိုယ်စားလှယ်များပါဝင်သောလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရေးအတွက်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
#Local_News
Published 27 August 2025
#ဟိုတယ်နှင့်ခရီးသွားလာရေး #မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွင်း ရည်ညွှန်းဈေးအနည်းငယ်နဲ့ ပြင်ပဈေး ကျပ်နှစ်သိန်းကျော်အထိ ပြန်လည်မြင့်တက်လာတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 27 August 2025
#ရွှေ
#YMG/NN #Yangon_Times
အခုနှစ် ဩဂုတ်လကစပြီး နိုင်ငံတော်ရဲ့စီးပွားရေးအထောက်အကူပြုသီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေလိုအပ်တဲ့ ယူရီးယားဓာတ်မြေဩဇာ နဲ့ ၁၅ ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာတွေကို
ဈေးကွက်ပေါက်ဈေးထက်၂၅ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဖြန့်ဖြူးဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ဖွံဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကပြောပါတယ်။
#Local_News
Published 27 August 2025
#ယူရီးယားဓာတ်မြေဩဇာ #တောင်သူ
#YMG/NN #Yangon_Times
#Local_News
Published 27 August 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခုလအအတွင်း လေးကြိမ်မြောက်အဖြစ် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထပ်မံထုတ်ရောင်းေပးမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။
▪️ စက်သုံးဆီလုပ်ငန်းရှင်များအတွက်ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာတွင် ယခု ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်းနှင့် ယခုလတွင် ဒေါ်လာ ၁၂၆ သန်း စုစုပေါင်းဒေါ်လာ၅၈၃ သန်းနှင့်ထိုင်းဘတ်သန်း၂၀၀ ထုတ်ရောင်းပေးထားသည်။
▪️ ဗဟိုဘဏ်မှစက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုကဲ့သို့ဒေါ်လာ ၃၂ သန်းထုတ်ရောင်းပေးခြင်းအပြင်သွင်းကုန်လုပ်ငန်းရှင်များအတွက်လည်း တရုတ်ယွမ် ၁၅ သန်းကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 August 2025
▪️ မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရတို့အကြား
သံအဖွဲ့(သို့မဟုတ်)ကောင်စစ်ဝန်ရုံးတို့မှ အဖွဲ့ဝင်များ၏ မှီခိုသူမိသားစုဝင်များကို အကျိုးအမြတ်ရှိသော အလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယခုလ(၂၆)ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။
▪️ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါသဘောတူညီချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ရှေ့မှောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နှစ်နိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
▪️ ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ခိုင်မာသည့်ဆက်ဆံရေးနှင့်မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကိုဖော်ပြလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 August 2025
▪️ ယနေ့မနက်အစောပိုင်းမှစတင်၍ တပ်ကုန်းမြို့နယ်အပါအဝင် ဒေသအချို့၌ ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။
▪️ နေပြည်တော် တပ်ကုန်းမြို့နယ် လက်ပံပုကျေးရွာ ၊ဗျိုင်းအင်းကျေးရွာ၊ရှောက်ကုန်းကျေးရွာ တစ်ဝိုက်၌ နေရာကွက်၍ မိုးကြီးခဲ့သည့်အတွက် လျှပ်တပြက် ရေကြီး၊ရေလျှံခြင်းများဖြစ်ပေါ်ခဲ့ရသည့်အပြင် ရွှေညောင်မြို့နယ်၌ လည်း နမ့်ကွတ်ချောင်းရေမြင့်တက်နေကြောင်းသိရသည်။
▪️ ' ဒီနေ့ နေ့လည် တောင်ကြီး၊ ဟိုပုံး၊ ဘန်းယဉ်လဲ မိုးအလွန်များဦးမယ် ၊ကံကောင်းတာ အဲ့ဒီ နီညိုရောင်မိုးတိမ်တိုက်ကြီးက အရှေ့ဘက်ကိုရွေ့ပြီး အင်းလေးဘက်ကို မရောက်တော့ဘူး၊ ဒါကြောင့်အင်းလေးမှာမိုးအလွန်များနိုင်တာတော့ သက်သာသွားမယ် 'ဟု မိုးလေဝသပြင်ပ ပညာရှင်ဦးဝင်းနိုင်က သုံးသပ်ထားသည်။
▪️ ထို့အပြင် ယနေ့မနက်အစောပိုင်း၌ မုန်တိုင်းအကြွင်းအကျန် စဝင်လာခြင်းဖြစ်၍ မြန်မာပြည်အရှေ့ပိုင်းရှိ ပြည်နယ်နှင့်တိုင်းအားလုံး သတိထားကြရမည်ဖြစ်ပြီး (၂၉) ရက်နေ့ကျော်ပါက မိုးပြန်လျော့နည်းသွားနိုင်ပြီး အရှေ့ဘက်မှ လေဖိအားနည်းရပ်ဝန်းအသစ် (၁) ခု ကြောင့် စက်တင်ဘာ လဆန်းပိုင်း (၁) ရက် မှ (၅) ရက်ခန့်အထိ မိုးတကြိမ်ပြန်များနိုင်မည် ဖြစ်ကြောင်းဆိုထားသည်။
▪️ ယမာန်နေ့ကလည်း အင်းလေးရှိဟတ်ပုံးကျေးရွာ၌လေပြင်းမုန်တိုင်းကြောင့် အိမ်ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်းလေးဒေသအခြေစိုက် ပရဟိတအသင်းများမှ သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင် နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေ ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 August 2025
▪️ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ယနေ့မနက်ပိုင်းတွင် မိုးကြီးပြီးရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ရကြောင်းသိရသည်။
▪️ ဩဂုတ်(၂၇) ရက်နေ့၊မနက် ၅ နာရီ၅၀ မိနစ်အချိန်ခန့်က နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ပင်သာကျေးရွာနှင့် ဗျိုင်းအင်းကျေးရွာ၊ အောင်ဇေယျဘုရားအနီးရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် ဥတ္တရခရိုင်မီးသတ်စခန်းနှင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် စက်လှေ(၄)စီးတို့ဖြင့် ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် မနက် ၁၀နာရီ ၄မိနစ် အချိန်တွင်လည်း ရှောက်ကုန်းကျေးရွာတွင် ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နေပြည်တော်မီးသတ်ဦးစီးမှူးဦးဆောင်၍ သူနာတင်ယာဉ်(၁)စီး၊ စက်လှေ(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတမှ စက်လှေ(၂)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ပေးခြင်းနှင့် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 180 of 2324