#Local_News
Published_ 31 May 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ မေလ ၃၁ရက်နေ့ နေ့လည်ပိုင်းစျေးနူန်းများအရ တစ်အောင်စကို ၁၉၅၇ဒေါ်လာပေါက်စျေးရှိနေပြီး စျေးအနည်းငယ် ပြန်လည်မြင်တက်လာပါတယ်။
#Local_News #ကမ္ဘာ့ရွေစျေး #အနည်းငယ်ပြန်တက် #အရောင်းအဝယ်အေးနေ
#YMG #Yangon_Media_Group
#Local_News
Published_ 31 May 2023
မိုခါမုန်တိုင်းဘေးသင့်ဒေသတွေမှာမုန်တိုင်းအလွန်ကာလမှာ ဝမ်းရောဂါ၊သွေးလွန်တုပ်ကွေးရောဂါနဲ့အခြားကူးစက် ရောဂါတွေမဖြစ်ပွားအောင်ဆောင်ရွက်နေတယ်လို ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်၊၊
#Local_News #မုန်တိုင်းအလွန်ကာလ #ဝမ်းရောဂါနှင့်သွေးလွန်တုပ်ကွေး
#YMG #Yangon_Media_Group
#Local_News
Published_ 31 May 2023
မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ကိုပို့နေတဲ့ မြန်မာသရက်သီးတွေ အရည်အသွေးမမှီတာကြောင့် ဝယ်ယူမှုနည်းလာသလို ဈေးနူန်းလည်း ကျဆင်းလာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
#Local_News #မြန်မာ့သရက်သီး #တရုတ်ဘက်ကဈေးနှိမ်ဝယ်ယူ
#YMG #Yangon_Media_Group
#Daily_News
Published_ 31 May 2023
၁။ မြန်မာ့သရက်သီးတွေ အရည်အသွေးအကြောင်းပြကာ တရုတ်ဘက်က ဈေးနှိမ်ဝယ်ယူနေ
၂။ မုန်တိုင်းအလွန်ကာလ၌ ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားအောင်ဆောင်ရွက်နေ
၃။ ကမ္ဘာ့ရွေစျေး အနည်းငယ်ပြန်တက် ၊ စျေးမငြိမ်သည့်အတွက် အရောင်းအဝယ်အေးနေ
၄။ နာမည်ကျော် လစ်ပစ်ဇန်မြင်းများအား ယူနက်စ်ကို အသိအမှတ်ပြုပေးသည့်အတွက် ဆလိုဗေးနီးယားအောင်ပွဲခံ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 31 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၃၀ရက်နေ့ည ၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ၉၁၉၇ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၉၂ ဦး ထပ်မံတွေ့ရှိခဲ့ တယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ထပ်တွေ့ရှိ #၁ရာခိုင်နူန်းရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 31 May 2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁၄)၊ ဇောတိကရပ်ကွက်တွင်ရှိနေအိမ်တစ်အိမ်ပေါ်သို့ မေလ ၃၀ရက်နေ့ ညနေပိုင်းက သစ်ပင်တစ်ပင်လဲကျမူဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
အဲ့ဒီသစ်ပင်လဲကျမူကြောင့် နေအိမ်အတွင်းရှိ ကျား(၁)ဦး၊ မ(၆)ဦး၊ စုစုပေါင်း(၇)ဦးအနက် ကလေး မ(၁)ဦး(သေဆုံး)၊ ကျား(၁)ဦး၊ မ(၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပေမယ့် မစိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
အခင်းဖြစ်နေရာသို့ ချောက်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအ သင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
သေဆုံးသူရုပ်အလောင်းနှင့်ဒဏ်ရာရရှိသူတွေက်ိုမနောဖြူလူမှုကူညီရေးအသင်းယာဉ်ဖြင့် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ymg/ynzw
#YMG #Yangon_Media_Group


#Local_News
Published_ 31 May 2023
နစက ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့တို့ မနက်ဖြန် ဇွန်လ ၁ ရက်တွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့မှာ မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ-မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် ဦး-တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်-ရက္ခိုင့်တပ်တော်(ULA/AA)တို့ ဖြစ်ပြီး ယင်းတို့မှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ(၄) မိုင်းလားမြို့ သို့ မေလ ၃၀ ရက်က ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။
အထက်ပါအတိုင်း တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများက ကြားဝင်ညှိနှိုင်းပေးခြင်း ဖြစ်ကြောင်း ၊ ယင်းဆွေးနွေးပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်မည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင် လည်း မိုင်းလားမြို့ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယင်း ကိုယ်စားလှယ်က ဆွေးနွေးပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်ခြင်း ဖြစ်ကြောင်းနှင့်ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ(၄)ဘက်မှ နေထိုင်စားသောက်မှုနှင့် လုံခြုံရေးများကို တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/pl
#YMG #Yangon_Media_Group
Page 1554 of 2529