#World_Health
Published 16 November 2025

▪️ နီကိုတင်းပါဝင်တဲ့ ဆေးလိပ်တွေ၊ အီး-စီးကရက်တွေစသဖြင့် ပစ္စည်းမျိုးစုံကို ကမ္ဘာပေါ်က လူအများအပြား သုံးစွဲနေကြပါတယ်။

▪️ သုတေသနတစ်ခုမှာ ဆေးလိပ်နဲ့ နီကိုတင်းပါဝင်ပစ္စည်းတွေက လိင်မှုစွမ်းဆောင်ရည်ကို ပြောင်းလဲစေဖွယ်ရှိကာ အခြားလေ့လာချက်တွေမှာဆိုရင် လိင်စိတ်ဆန္ဒကိုပါ ပြောင်းလဲစေတယ်လို့ တွေ့ရှိထားပါတယ်။

▪️ လေ့လာချက်အများအပြားထဲမှာ နီကိုတင်းသုံးစွဲခြင်းက အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒကို ဆိုးကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။

▪️ နီကိုတင်းစွဲလမ်းတဲ့အခါ လိင်စိတ်ဆန္ဒ၊ လှုံ့ဆော်နိုင်စွမ်း၊ ထောင်မတ်နိုင်စွမ်း၊ ဆန္ဒပြီးမြောက်ခြင်းတို့ကိုပါ သက်ရောက်လာစေကာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကျဆင်းလာစေတယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

▪️ နီကိုတင်းက အာရုံကြောစနစ်နဲ့ ဟော်မုန်းတွေအပေါ် သက်ရောက်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။

▪️ အမျိုးသမီးတွေမှာလည်း နီကိုတင်းက လိင်စိတ်ဆန္ဒအပေါ် ဆိုးကျိုးသက်ရောက်နိုင်ဖွယ် ရှိတယ်လို့ သိရှိထားပြီး ၂၀၁၅ လေ့လာချက်အရ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကျဆင်းခြင်းနဲ့ လိင်စိတ်ဆန္ဒလျော့ပါးခြင်းတို့ အဖြစ်များပါတယ်။

▪️ နီကိုတင်းရဲ့ သက်ရောက်မှုက လိင်ပြောင်းလဲသူတွေနဲ့ လိင်တူဆက်ဆံသူတွေအပေါ်မှာ လေ့လာချက်တွေ မလုပ်ထားပေမယ့် သူတို့အပေါ်မှာလည်း ဆိုးကျိုးသက်ရောက်နိုင်ဖွယ် ရှိပါတယ်။

▪️ နီကိုတင်း မသုံးစွဲတဲ့အခါ လိင်စိတ်ဆန္ဒ တိုးတက်စေနိုင်လားဆိုတာ သိပ်ပြီးမလေ့လာရသေးပေမယ့် ဆေးလိပ်ဖြတ်ရင် လိင်စိတ်ဆန္ဒအတွက် အကျိုးရှိစေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာတော့ တွေ့ထားပါတယ်။

▪️ ဆေးလိပ်ဖြတ်ရင် လိင်စိတ်ဆန္ဒ တိုးတက်စေနိုင်လားဆိုတာကို လူအများအပြားဖြင့် သုတေသနပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။

▪️ မိမိရဲ့လိင်စိတ်ဆန္ဒ ပြောင်းလဲလာတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ ပြသသင့်ပြီး နီကိုတင်းကြောင့် ဖြစ်နိုင်သလို အခြားသော အကြောင်းအရင်းတွေလည်း ရှိနေနိုင်ပါတယ်။

Source: Healthline.