#World_Science
Published 16 November 2025

▪️ သိပ္ပံပညာရှင်တွေက shiitake mushroom mycelium (မှိုမည်း)ကို အသုံးပြုကာ လျှပ်စီးပမာဏကို မှတ်သားထားနိုင်တဲ့ မမ်ရစ္စတာများ ဖန်တီးလိုက်ပြီး ကုန်ကျစရိတ်သက်သာတဲ့ ဟာ့ဒ်ဝဲပစ္စည်းတွေ ထွက်ပေါ်လာနိုင်ခြေ ရှိပါတယ်။

▪️ မှိုရဲ့ မမ်ရစ္စတာတွေက ယခင်က လျှပ်စီးအခြေအနေတွေကို မှတ်မိပြီး mycelium ရဲ့ နျူရွန်ကဲ့သို့ ဂုဏ်သတ္တိတွေကို အသုံးချနိုင်ပါတယ်။

▪️ ဒီနည်းလမ်းဖြင့် တိုက်တေနီယံဒိုင်အောက်ဆိုဒ်၊ ဆီလီကွန်တို့လို ပစ္စည်းတွေကနေ ပြုလုပ်ထားကာ လက်ရှိ မမ်မိုရီဟာ့ဒ်ဝဲတွေထဲမှာ ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်း ရလာစေနိုင်ပါတယ်။

▪️ ဦးနှောက်အစိတ်အပိုင်းတွေကဲ့သို့ ကွန်ပျူတာတွေ ထွက်ပေါ်လာနိုင်ပြီး နျူရွန်တွေကြား အချက်အလက်တွေ ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

▪️ တကယ့်အာရုံကြောလှုပ်ရှားမှုတွေအတိုင်း လိုက်လုပ်နိုင်တဲ့ မိုက်ခရိုဆားကစ်ပြားတွေ ထုတ်လုပ်နိုင်ခြင်းက စက်အသုံးပြုစရာမလိုဘဲ ကွန်ပျူတာနဲ့ စီးပွားရေးပိုင်းမှာ အားသာချက်ကြီး ရနိုင်မှာဖြစ်တယ်လို့ အိုဟိုင်ယိုပြည်နယ်တက္ကသိုလ်မှ စိတ်ကျန်းမာရေးအထူးကု ဂျွန်လာရော့ကိုက ပြောပါတယ်။

▪️ သိပ္ပံပညာရှင်တွေက မှိုတွေကို ကွန်ပျူတာအဖြစ် လေ့လာနေကြပြီး ဦးနှောက်လိုမျိုး လျှပ်စီးနဲ့ ဓာတုထုတ်လွှတ်မှုများအကြောင်း လေ့လာခဲ့ကြပါတယ်။

▪️ မှိုမည်းက ကြံ့ခိုင်မှုအားကောင်းတာကြောင့် ရွေးချယ်အသုံးပြုခဲ့ကြပြီး မမ်ရစ္စတာတွေ ဖြစ်လာနိုင်မယ့် အခြေအနေတွေဖြင့် နမူနာ ၉ ခု စိုက်ပျိုးခဲ့ကြပါတယ်။

▪️ စမ်းသပ်ခွက်ထဲမှာ အခြောက်ခံပြီးနောက် ကွန်ပျူတာမှာ အသုံးပြုနိုင်မလားဆိုတာကို သိရှိဖို့ လျှပ်စီးကွင်းများထဲ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။

▪️ ထိုအခါမှာ အခြေခံကျတဲ့ မမ်ရစ္စတာတွေထက် နှေးပေမယ့် လျှပ်စီးပြောင်းနှုန်း ၅,၈၅၀ ဟတ်ဇ်ဖြင့် ၉၀ ရာခိုင်နှုန်းတိကျစွာ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။

▪️ Mycelium စွမ်းအင်သုံးကွန်ပျူတာက စမတ်ဖုန်းတွေနေရာမှာ အစားထိုးနိုင်ဦးမှာ မဟုတ်ပေမယ့် အနာဂတ်ဆန်းသစ်တီထွင်မှုများအတွက် လမ်းကြောင်းဖြစ်လာနိုင်ပါတယ်။

Source: NDTV.