#World_Science
Published 27 January 2026

■ ဆရာဝန်တွေက လူသားခန္ဓာကိုယ်အကြောင်း သိလိုတဲ့အတွက် MRI ဓာတ်မှန်စက်တစ်ခုထဲမှာ လိင်ဆက်ဆံခဲ့တဲ့အကြောင်းကို အမျိုးသမီးတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။

■ ၁၉၉၁ တုန်းက အီဒါဆာဘယ်လစ်နဲ့ ချစ်သူ ဂျက်ပ်တို့ဟာ သုတေသနလုပ်ငန်းအတွက် ကမ္ဘာ့အစောဆုံး MRI စက်တစ်ခုထဲမှာ လိင်ဆက်ဆံဖို့ သဘောတူညီခဲ့ကြပါတယ်။

■ နယ်သာလန်သိပ္ပံပညာရှင် မန်ကိုဗစ်တာပက်ဗန်အန်ဒယ်က လိင်ဆက်ဆံစဉ် ခန္ဓာကိုယ်တွင်းမှာ ဘာဖြစ်လဲဆိုတာကို သိချင်တဲ့အတွက် စမ်းသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

■ ရလာတဲ့ဓာတ်မှန်တွေအကြောင်းကို ဗြိတိသျှဆေးဂျာနယ်မှာ ဖော်ပြခဲ့ပြီး လစဉ် လူထောင်နဲ့ချီ ဖတ်ရှုနေဆဲဖြစ်ပါတယ်။

■ နောက်ထပ် ဆယ်စုနှစ် ၃ ခုကြာတဲ့အချိန် အီဒါက ဒီလောက်အထိ ရေရှည်သက်ရောက်မှုရှိနေမယ်ဆိုတာ မသိခဲ့ဘူးလို့ ဝန်ခံပါတယ်။

■ လိင်ဆက်ဆံတဲ့ ပုံစံကို ထိန်းထားဖို့ ထိန်းချုပ်ခန်းကနေ ညွှန်ကြားခဲ့ပြီး ထိုအချိန်က အူကြောင်ကြောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

■ ယခု အမ်စတာဒမ် ဗရစ်ဂျ်တက္ကသိုလ်မှ မနုဿဗေဒပရော်ဖက်ဆာ ဖြစ်နေတဲ့ အီဒါက ထိုစဉ်က စစချင်းမှာ အမျိုးသားက အပေါ်ကနေတဲ့ပုံစံမျိုးဖြင့် ဓာတ်မှန်ရိုက်ကူးဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

■ ဒါပေမဲ့ နေရာက ကျဉ်းတာကြောင့် စိတ်ကူးယဉ်အချစ် မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

■ အီဒါဟာ အခုအထိ ဂျက်ပ်နဲ့အတူ ရှိနေပြီး အမျိုးသမီးများ အခွင့်အရေးနဲ့ အမျိုးသမီးခန္ဓာကိုယ်အကြောင်း ပိုမိုသိလိုတာကြောင့် ပါဝင်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

■ အဓိကတွေ့ရှိချက်တွေက အမျိုးသမီးအင်္ဂါထဲမှာက ဖြောင့်တန်းနေတာမဟုတ်ဘဲ အမျိုးသားလိင်တံက အမျိုးသမီးအင်္ဂါထဲ ကောက်ကွေးသွားတဲ့အတိုင်း လိုက်ပြီးညွတ်သွားပါတယ်။

■ အမျိုးသမီးအင်္ဂါထဲကအတိုင်း ကွေးသွားပေမယ့် အမျိုးသားတွေမှာ နာကျင်ခြင်း မဖြစ်စေပါဘူး။

■ ဒီနောက်မှာတော့ နောက်ထပ်လူတွေနဲ့ စမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ပြီး ထိုစမ်းသပ်ချက်တွေကတော့ အမျိုးသားက အပေါ်ကနေတဲ့ပုံစံ ပြုလုပ်ခဲ့ကြပါတယ်။

Source: DailyStar.