#World_Health
Published 26 October 2025

■ ယနေ့ခေတ် ဒီဂျစ်တယ်ဖန်သားပြင်တွေကြောင့် မျက်လုံးဖိအားများရသလို နေထိုင်စားသောက်မှုပုံစံ မှားယွင်းမှုကြောင့်လည်း ဖိအားတိုးစေပါတယ်။

■ ကွန်ပျူတာ၊ ဖုန်း၊ တီဗီဖန်သားပြင်တို့ကို အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းဖြင့် နေ့စဉ်နဲ့အမျှ မျက်လုံးကို ဒဏ်ဖြစ်နေစေတာ မသိကြပါဘူး။

■ ဒါကြောင့် မျက်လုံးကို ထိခိုက်စေတဲ့ အလေ့အထ ၅ မျိုးကို ပညာရှင်များ သတိပေးထားပါတယ်။

■ (၁) ကွန်ပျူတာ၊ ဖုန်း၊ တီဗီ အကြည့်များခြင်းက မျက်လုံးကြွက်သားတွေ ပင်ပန်းစေပြီး ရုံးတွေမှာရော ကလေးသူငယ်တွေမှာပါ ပြဿနာဖြစ်လာကာ ခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ဝါးခြင်းတို့က အစောပိုင်းလက္ခဏာတွေ ဖြစ်ပါတယ်။

■ (၂) နေပူထဲသွားတဲ့ နေကာမျက်မှန်မတပ်ဘဲ သွားခြင်းက မျက်လုံးကို ခရမ်းလွန်ရောင်ခြည် ထိခိုက်စေပြီး ကြာရှည်ထိတွေ့ပါက ရေတိမ်၊ မျက်လုံးကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။

■ (၃) အိပ်ရေးပျက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ မကြာခဏမျက်လုံးပွတ်ခြင်း၊ ဗိုက်တာမင်နည်းခြင်းတို့က အမြင်အားနည်းစေပြီး မျက်လုံးပြုပြင်ကာကွယ်နိုင်စွမ်း လျော့ကျစေပါတယ်။

■ (၄) အနည်းငယ်မျှ ပြုပြင်လေ့ကျင့်ရုံဖြင့် သိသာပြောင်းလဲစေမယ့် နည်းလမ်းကတော့ ကွန်ပျူတာ၊ ဖုန်းကြည့်နေရင်း မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာသို့ စက္ကန့် ၂၀ ကြည့်ပေးရမှာ ဖြစ်ပါတယ်။

■ (၅) မျက်လုံးက အနူးညံ့ဆုံးအင်္ဂါတွေထဲ ပါဝင်တာကြောင့် ပုံမှန်မျက်လုံးစစ်ဆေးပေးခြင်း၊ ထိခိုက်မှုများမှ ကာကွယ်ခြင်းတို့ဖြင့် ထိန်းသိမ်းပေးသင့်ပါတယ်။

Source: India Today.