#World_Health
Published 26 October 2025
■ ဈေးကွက်ထဲ ရောင်းချနေတဲ့ ပေါင်မုန့်တွေထဲမှာ ပေါင်မုန့်ဖြူနဲ့ ပေါင်မုန့်ညိုက အများဆုံးဖြစ်ပါတယ်။
■ ဂျုံစေ့ကနေလုပ်တဲ့ ပေါင်မုန့်ညိုက ပေါင်မုန့်ဖြူထက် ပိုပြီးအာဟာရဓာတ်များကာ ဘယ်ဟာက ပိုပြီးကျန်းမာစေလဲဆိုတာ အငြင်းအခုန်ဖြစ်နေကြပါတယ်။
■ ပေါင်မုန့်အရည်အသွေးပေါ် သက်ရောက်နေတဲ့ အချက်အလက်များစွာလည်း ရှိပါတယ်။
■ အာဟာရပညာရှင် လော့ဗ်နိဘာထရာက ပေါင်မုန့်ညိုဟာ ပေါင်မုန့်ဖြူထက် အမြဲတမ်းပိုပြီး ကျန်းမာရေးအတွက် ကောင်းတာတော့ မဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။
■ ဈေးကွက်ထဲရောင်းချတဲ့ ပေါင်မုန့်ညိုအတုတွေကို ခွဲခြားနိုင်မယ့် နည်းလမ်းတွေကတော့..
■ (၁) အရောင်နှင့်ဂျုံစေ့ပါဝင်မှု မတူညီခြင်း
ပေါင်မုန့်ဖြူဟာ များသောအားဖြင့် သန့်စင်ပြီးဂျုံမှုန့်ဖြင့် ပြုလုပ်ကာ အမှုန်အမွှားတွေ ဖယ်ထားတာကြောင့် အမျှင်ဓာတ်၊ ဗိုက်တာမင်၊ သတ္တုဓာတ်တို့ ပိုနည်းပါတယ်။
■ ပေါင်မုန့်ညိုတွေကတော့ သန့်စင်ပြီးဂျုံနဲ့အတူ ကရာမယ်အရောင်၊ စပါးအရသာတို့ ပါဝင်တာကြောင့် အညိုရောင်ဖြစ်နေပြီး ကျန်းမာစေတယ်လို့တော့ မဟုတ်ဘဲ '၁၀၀ ရာခိုင်နှုန်းဂျုံဆန်မှုန့်'လို့ ရေးထားမှသာ စိတ်ချရပါတယ်။
■ (၂) အမျှင်ဓာတ်ပါဝင်မှု
ဂျုံစစ်စစ်ဖြင့်ပြုလုပ်တဲ့ ပေါင်မုန့်ဟာ တစ်ခါစားရင် အနည်းဆုံး အမျှင် ၃ ဂရမ်ပါဝင်ပါတယ်။
■ အမျှင်ဓာတ်ပိုများလေ အူလမ်းကြောင်းလှုပ်ရှားမှု ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ Sun 11 am
■ (၃) ကြော်ငြာအားကောင်းခြင်း
အစားအစာကုမ္ပဏီတွေက တကယ်တမ်းထက် ပိုပြီးကျန်းမာစေသလိုမျိုး အရောင်းမြှင့်တင်ကြပြီး ပါဝင်မှုပစ္စည်းစာရင်း မှားယွင်းစွာဖော်ပြခြင်း၊ အရောင်ထည့်ခြင်းတို့ အသုံးပြုတတ်ကြပါတယ်။
■ ဒါကြောင့် ပေါင်မုန့်ညိုဆိုတိုင်းလည်း ၁၀၀ ရာခိုင်နှုန်းဂျုံစစ်စစ်လို့ မသတ်မှတ်နိုင်ပါဘူး။
Source: NDTV