#World_Health
Published 24 May 2026

■ ကမ္ဘာ့အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ ၂၀၂၆ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာမလုံလောက်မှု တင်ပြချက်အရ ၂၀၂၅ အတွင်း စားနပ်ရိက္ခာမလုံလောက်မှုပြဿနာ ကြုံတွေ့ရသူ ၂၆၆ သန်းခန့် ရှိပါတယ်။

■ ဒီထဲမှာ အစားအစာ ရရှိရေး ယိုပေါက်တွေ ပါဝင်ပြီး အသက်တွေကယ်ဆယ်နိုင်ဖို့ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

■ ပြင်ပအကူအညီ မလိုအပ်တဲ့ အိန္ဒိယနိုင်ငံကို ဖယ်ပြီးတော့ ၄၇ နိုင်ငံကို ဆန်းစစ်သုံးသပ်ခဲ့ပါတယ်။

■ ၂၀၂၅ အတွင်း ဂါဇာကမ်းမြောင်နဲ့ ဆူဒန်တို့မှာ ငတ်မွတ်ခေါင်းပါးဘေး ကျရောက်နေပါတယ်။

■ ဆာလောင်တဲ့အခါ ခန္ဓာကိုယ်က ထိန်းသိမ်းထားတဲ့ ဂလိုင်ကိုဂျင်တွေကို အသုံးပြုပြီး ဒီနောက်မှာ အဆီနဲ့ ကြွက်သား အသုံးချကာ ကိုယ်ခံအားစနစ်နဲ့ ဦးနှောက်အသိလုပ်ဆောင်ချက်တို့ကို အားနည်းစေပါတယ်။

■ ကလေးတွေမှာ အာဟာရချို့တဲ့တဲ့အခါ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်စေပြီး ဦးနှောက်အသိဉာဏ်ကို ရေရှည်မှာ သက်ရောက်စေပါတယ်။

■ အဆီသိမ်းဆည်းမှုကို သက်ရောက်စေကာ အဝလွန်နိုင်ခြေ များစေနိုင်ပါတယ်။

■ အာဟာရချို့တဲ့ခြင်း ခံစားရတဲ့ လူကြီးတွေမှာ ဇီဝဖြစ်စဉ် မညီမျှခြင်းတို့ကြောင့် ဆီးချိုနဲ့ နှလုံးသွေးကြောပြဿနာတွေ ဖြစ်နိုင်ခြေများစေပါတယ်။

■ အာဟာရချို့တဲ့ခြင်းပြဿနာ ကြုံတွေ့နေတဲ့ နိုင်ငံနဲ့ဒေသ ၂၃ ခုမှာ အာဟာရချို့တဲ့နေတဲ့ ကလေးငယ်ပေါင်း ၃၅ သန်းခွဲ ရှိပါတယ်။

■ ကိုယ်ခံအားစနစ်အတွက် အာဟာရဓာတ်လုံလောက်ဖို့က အရေးကြီးပြီး အာဟာရချို့တဲ့ပါက ရောဂါကူးစက်မှုခုခံနိုင်စွမ်းနဲ့ ကာကွယ်ဆေးထိရောက်မှုတို့ ယိုယွင်းနိုင်ပါတယ်။

Source: Indian Express