#World_Science
Published 20 August 2025
▪️ အာလူးကို ဘယ်လိုမွေးဖွားလာလဲဆိုတာ သိပ္ပံပညာရှင်တွေ ပုံဖော်နိုင်ခဲ့ပါတယ်။
▪️ သူ့ရဲ့မူရင်းမိဘက ခရမ်းချဉ်သီး ဖြစ်နေပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သန်းကနေ ၉ သန်းအထိ ခရမ်းချဉ်သီးရယ်၊ အာလူးနဲ့တူတဲ့ မျိုးစိတ်တစ်ခုရယ် တည်ရှိခဲ့ပါတယ်။
▪️ သူဟာ Petota လို့ခေါ်တဲ့ မျိုးစိတ်မှာပါဝင်ပြီး ခရမ်းချဉ်သီးရဲ့ ရှေ့မျိုးဆက်တွေက Etuberosum အာလူးရိုင်းမျိုးစိတ်တစ်မျိုးနဲ့ မိတ်လိုက်ဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။
▪️ အဲဒီလို ရောယှက်ပေါက်ဖွားရာကနေ ယနေ့ခေတ် အာလူးတွေ ဖြစ်ပေါ်လာရပါတယ်။
▪️ ခရမ်းချဉ်သီးရိုင်းတွေက အာလူးရိုင်းမျိုးစိတ်နဲ့အတူရှိရာကနေ Petota မျိုးနွယ်ထဲမှာ မျိုးဗီဇပေါင်းစပ်မှုအသစ် ဖြစ်လာပါတယ်။
▪️ ထိုကနေ ယနေ့စားနေတဲ့ အာလူးမွေးဖွားလာတာဖြစ်ပါတယ်။
▪️ ဒါကိုလေ့လာတဲ့ သုတေသီတွေက မျိုးစိတ်ကွဲနှစ်ခု မိတ်လိုက်တဲ့အခါ အသစ်တစ်ခုဖြစ်ပေါ်လာတာကို အံ့အားသင့်ဖွယ် တွေ့ရှိလာရတယ်လို့ ပြောသွားပါတယ်။
▪️ ခရမ်းချဉ်သီးမျိုးနွယ်မှ SP6A မျိုးဗီဇကနေ မျိုးဗီဇပစ္စည်းများ ရောလိုက်ရာကနေ ဥမြစ်တွေ ဖြစ်လာပါတယ်။
▪️ အာလူးရဲ့ မျိုးစပ်မျိုးနွယ်ကြောင့် ပိုမိုကြံ့ခိုင်ကာ ဆင့်ကဲကြီးထွားလာတဲ့ မျိုးစိတ်အသစ် ဖြစ်လာပါတယ်။
▪️ တွေ့ရှိချက်အရ ခရမ်းချဉ်သီးဟာ အာလူးရဲ့အမေဖြစ်ပြီး Etuberosum က အဖေဖြစ်ပါတယ်။
▪️ ခရမ်းချဉ်သီး၊ အာလူး၊ Etuberosum တို့က နီးစပ်မျိုးဗီဇတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
Source: WION