#World_Health
Published 20 August 2025

▪️ အစားအစာထဲမှာ ကြေးနီဓာတ်ပါဝင်အောင် စားသုံးသူတွေမှာ အထူးသဖြင့် လေဖြတ်ဖူးတဲ့သူတွေမှာ ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက် မြင့်မားခြင်းနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန်တွေမှာ လေ့လာတွေ့ရှိခဲ့ပါတယ်။

▪️ ကမ္ဘာတဝှမ်းမှာ အသိဉာဏ်ချို့ယွင်းခြင်းက အဖြစ်များလာတာ
တွေ့ရပါတယ်။

▪️ မကြာသေးမီက ခန့်မှန်းချက်များအရ ဒီမန်ရှာဖြစ်နိုင်ခြေက ၂၀၅၀ ခုနှစ်အရောက်မှာ ၁၅၂.၈ သန်းအထိ ရှိလာနိုင်ပါတယ်။

▪️ ဒီလိုရောဂါတွေကာကွယ်ဖို့နဲ့ ဦးနှောက်အသိဉာဏ်တိုးတက်စေဖို့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေအပါအဝင် အာဟာရဓာတ်တွေကို ဖြည့်စွက်စားသုံးဖို့လိုပါတယ်။

▪️ ဦးနှောက်ထဲက ဇင့်၊ ဆယ်လီနီယံ၊ ကြေးနီတို့လို ဓာတ်တွေ မညီမျှပါက အာရုံကြောချို့ယွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

▪️ ကြေးနီဓာတ်က အာရုံကြောစနစ် ဖွံ့ဖြိုးခြင်းနဲ့ လုပ်ဆောင်ချက်အတွက် အရေးကြီးတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။

▪️ ဦးနှောက်လုပ်ဆောင်ချက် ပုံမှန်ဖြစ်စေဖို့ ကြေးနီဓာတ် သင့်တင့်တဲ့ပမာဏ ရှိသင့်ပြီး လျော့နည်းပါက အာရုံကြောပြဿနာများ ဖြစ်နိုင်သလို လွန်ကဲသွားပါက ဓာတ်တိုးဖိစီးမှုများနဲ့ အာရုံကြောချို့တဲ့ခြင်းများ ဖြစ်လာနိုင်ပါတယ်။

▪️ အသင့်လျော်ဆုံးက တစ်နေ့ကို ကြေးနီဓာတ် ၁.၂၂ မှ ၁.၆၃ မီလီဂရမ် သတ်မှတ်ထားပါတယ်။

▪️ ဒီလေ့လာချက်က အသိဉာဏ်စွမ်းရည်ကျဆင်းခြင်း ကာကွယ်ရာမှာ ကြေးနီဓာတ်ရဲ့ အခန်းကဏ္ဍကို ဖော်ပြနေပါတယ်။

Source: News Medical.