#World_News
Published 20 January 2026

■ စပိန်တောင်ပိုင်းမှာ တနင်္ဂနွေညက အမြန်ရထားတစ်စင်း လမ်းလွဲပြီး ဆန့်ကျင်ဘက်လာနေတဲ့ ရထားတစ်စင်းနဲ့ တိုက်မိသဖြင့် အနည်းဆုံး လူ ၄၀ သေဆုံးကာ ဥရောပမှာ နှစ် ၈၀ အတွင်း အဆိုးရွားဆုံး ရထားမတော်တဆမှုဆွေထဲက တစ်ခုဖြစ်လာပါတယ်။

■ မက်ဒရစ်တောင်ပိုင်း ၃၆၀ ကီလိုမီတာခန့်က ကော်ဒိုဘာပြည်နယ် အက်ဒါမက်ဇ်အနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၂ ယောက်ကို အထူးကြပ်မတ်ကုသနေရပါတယ်။

■ ရထားလမ်းဆုံ ချွတ်ချော်မှုကြောင့် မတော်တဆမှု ဖြစ်ရတယ်လို့ ကျွမ်းကျင်သူတွေ ပြောပါတယ်။

■ "ရထားက တစ်ဖက်ကို စောင်းသွားပြီးတော့ အော်သံတွေ ကြားရတော့တာပဲ" လို့ ကြက်ခြေနီဌာနမှာ ကုသနေရတဲ့ အန်နာဂါစီယာအာရန်ဒါက ပြောပါတယ်။

■ အခုအချိန်အထိ ပျောက်ဆုံးသူတိုင်ကြားချက် ၄၃ ခု ရှိထားတယ်လို့ ရဲဌာနတွေဆိုပါတယ်။

■ ရထားတိုက်တဲ့နေရာက တောင်ကုန်းဖြစ်ပြီး ကားတစ်စီးစာလမ်းကြောင်းသာ ပေါက်ရောက်တာကြောင့် လူနာတင်ယာဉ်တွေ ရောက်ဖို့ခက်နေပါတယ်။

■ ဒရုန်းဗီဒီယိုရိုက်ချက်တွေထဲမှာ ရထားတစ်စင်းရဲ့ ရထားတွဲတွေ နှစ်ခြမ်းကွဲသွားပြီး စက်ခေါင်းက ကြေမွသွားပါတယ်။

■ လေ့လာချက်များအရ ရထားလမ်းကြောင်းပြောင်းတဲ့ အဆက်က ပျက်ယွင်းနေပါတယ်။
စပိန်အမြန်ရထားလမ်းကြောင်း ကွန်ရက်တွေက ဥရောပမှာ အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။

■ ယခု မတော်တဆဖြစ်ပွားတဲ့ Iryo ရထားဟာ သက်တမ်း ၄ နှစ်အောက်သာရှိပြီး အက်ဒါမက်ဇ်အနီး ရထားလမ်းကို ပြီးခဲ့တဲ့ မေလကမှ ပြုပြင်မွမ်းမံထားသလို ရထားကိုလည်း ဇန်နဝါရီ ၁၅ ရက်နေ့ကမှ စစ်ဆေးခဲ့ပါ‌ေသးတယ်။

Source: Reuters