#World_News
Published 23 September 2025

▪️ ဂါဇာမှ ပါလက်စတိုင်းများဘက်ကနေ ထောက်ခံအားပေးမှုကိုပြသတဲ့အနေနဲ့ တနင်္လာနေ့က အီတလီမှာ အထွေထွေသပိတ်ပြုလုပ်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေး၊ စာသင်ကျောင်းများနဲ့ အခြားဝန်ဆောင်မှုကဏ္ဍများ ရပ်တန့်သွားခဲ့သလို မြို့ပြကြီးတွေမှာ အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

▪️ စက်တင်ဘာ ၂၁ ရက်နေ့က အီတလီရဲ့ အကြီးမားဆုံး အလုပ်သမားသမဂ္ဂတစ်ခုဖြစ်တဲ့ CGIL က ၄ နာရီကြာ ဆန္ဒထုတ်ဖော်အပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဒုတိယတစ်ကြိမ် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။

▪️ ဒေသတွင်းပို့ဆောင်ရေးနဲ့ ရထားလမ်းဆက်သွယ်ရေးအချို့ အထူးသဖြင့် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ နှောင့်ယှက်ခံရပြီး ဆိပ်ကမ်းဝန်ထမ်းများ အလုပ်မဆင်းတာကြောင့် ဂျီနိုအာနဲ့ လီဗော်နိုဆိပ်ကမ်းတွေမှာ လုပ်ငန်းများ ရပ်တန့်ခဲ့ပါတယ်။

▪️ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပြည်သူ့ရုံးဌာနအများအပြား ပိတ်ထားရကာ အီတလီလမ်းတွေမှာ ပါလက်စတိုင်းဘက်မှ စည်းလုံးညီညွတ်ထောက်ခံကြောင်း၊ ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

▪️ ရောမ၊ ဘိုလော့ဂ်နာ၊ မီလန်၊ တူရင်၊ ဗင်းနစ်တို့မှာ လူအများဆုံး စုဝေးခဲ့ကြပြီး အနည်းဆုံး လူတစ်သိန်းခန့် ပါဝင်မယ်လို့ အီတလီရုပ်သံ Rai News က ဖော်ပြထားပါတယ်။

▪️ မီလန်မှ, ဂါဇာလိုလားရေးဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ အတိုက်အခိုက်ဖြစ်ပွားကာ လူတစ်ဒါဇင်ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်။

▪️ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီအစိုးရအနေနဲ့ အစ္စရေးလ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးဖို့ ဖိအားပေးလိုကြကာ ပါလက်စတိုင်းတို့အတွက် လူသားချင်းစာနာမှု ထောက်ပံ့ကူညီမှုများ ပေးအပ်လိုနေကြပါတယ်။

▪️ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုသေးတဲ့ အီတလီဝန်ကြီးများအဖွဲ့ကို အသိအမှတ်ပြုပေးဖို့လည်း သမဂ္ဂတွေက တောင်းဆိုနေကြပါတယ်။

Source: Xinhua