#World_Health
Published 14 December 2025
■ ကိုရီးယားအစားအစာ ကင်မ်ချီက အရသာရှိရုံမက ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
■ လေ့လာချက်အရ အချဉ်ဖောက်ထားတဲ့ အဆိုပါကင်မ်ချီဟာ ကိုယ်ခံအားနစ်ကို မြှင့်တင်ပေးပြီး အကျိုးကျေးဇူးရှိစေပါတယ်။
■ တောင်ကိုရီးယားမှ ပြုလုပ်တဲ့ သုတေသနမှာ သိပ္ပံ၊ ယဉ်ကျေးမှုနဲ့ ကင်မ်ချီလုပ်ငန်း အဆင့်မြှင့်တင်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။
■ အဝလွန်သူတွေကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး ၁၂ ပတ်ကြာအောင် စမ်းသပ်လေ့လာခဲ့ကာ ကိုယ်ခံအားစနစ်မှာ အဓိကအရေးပါတဲ့ သွေးမိုနိုနျူကလီးယားဆဲလ်တွေကို ရယူပြီး ဆဲလ်တစ်ခုချင်းစီထဲက ဘယ်မျိုးဗီဇပစ္စည်းတွေ လှုပ်ရှားလဲဆိုတာကို ဆန်းစစ်ခဲ့ပါတယ်။
■ ကင်မ်ချီစားသုံးတဲ့အဖွဲ့က APC ဆဲလ်များရဲ့လုပ်ဆောင်ချက် မြင့်မားတာကို တွေ့ရှိခဲ့ပါတယ်။
■ APC တွေက ပြင်ပအရာတွေကို ရှာဖွေသိရှိပြီး ကိုယ်ခံအားစနစ် အလုပ်လုပ်နိုင်အောင် ထောက်ပံ့ကူညီပေးပါတယ်။
■ ဒါ့အပြင် ကိုယ်ခံအားနစ်ကို လည်ပတ်ဖို့ ထိန်းကျောင်းပေးတဲ့ CD4+T ဆဲလ်တွေကိုလည်း အကျိုးပြုစေပါတယ်။
■ ခုခံကာကွယ်ပေးတဲ့ ဆဲလ်တွေနဲ့ ထိန်းညှိပေးတဲ့ဆဲလ်တွေကို ညီညွတ်မျှတအောင် ခွဲခြားပေးပါတယ်။
■ ကင်မ်ချီက ခုခံဆဲလ်တွေကို လှုံ့ဆော်ပေးသလို အလွန်အကျွံတုံ့ပြန်ခြင်းမှလည်း တားဆီးပေးနိုင်တယ်ဆိုတာကို ပထမဆုံး သက်သေပြနိုင်တာဖြစ်တယ်လို့ ဦးဆောင်သုတေသီ ဒေါက်တာ ဝူဂျယ်လီက ပြောပါတယ်။
■ ကင်မ်ချီနဲ့ လက်တစ်အက်ဆစ်ဘက်တီးရီးယားတွေကို နိုင်ငံတကာ သုတေသနအထိ အနာဂတ်မှာ ချဲ့ထွင်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
■ ဒီလေ့လာချက်တွေကနေ အခြားသော ကျန်းမာရေးကဏ္ဍတွေမှာ အသုံးချနိုင်မယ်လို့လည်း ဆိုနေကြပါတယ်။
Source: Independent