#World_Health
Published 27 June 2025

▪️ ကိုယ်အလေးချိန်ကျစေပြီး ဆီးချိုအတွက်အသုံးပြုတဲ့ Ozempic ဆေးဟာ ကျားအင်္ဂါအရွယ်အစားကို ကြီးထွားစေနိုင်တယ်လို့ အသုံးပြုသူတွေ ပြောလာပါတယ်။

▪️ Semaglutide ဆေးအမျိုးအစားနဲ့ အမျိုးသားအင်္ဂါ အရွယ်အစားတို့ကြား ဆက်စပ်မှုကို သုတေသန သေချာမလုပ်ရသေးပေမယ့် ပျမ်းမျှအရွယ်အစား ကြီးမားလာတာကြောင့် Ozempic နဲ့ တစ်ခုခုသက်ဆိုင်နေနိုင်တယ်လို့ ကျွမ်းကျင်သူအချို့ ထင်ထားပါတယ်။

▪️ ၂၀၂၂ မှ ၂၀၂၄ အတွင်း ပျမ်းမျှအရွယ်အစားက ၅.၁၇ လက်မကနေ ၅.၆၃ လက်မနီးပါး ကြီးထွားလာခဲ့ပါတယ်။

▪️ ဗင်နီဇွဲလားမှ အမျိုးသားတွေဟာလည်း ထို ၂ နှစ်အတွင်း ၁.၄၂ လက်မကနေ ၆.၆၇ လက်မအထိ ရှည်လာတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

▪️ အမျိုးသားတွေဟာ အသက်အရွယ်ကြီးလာလို့ ခန္ဓာကိုယ်အဆီ များလာပြီးနဲ့ ဆီးကျိတ်ကြီးလာတဲ့အခါ ကျားအင်္ဂါက ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားတာကြောင့် တိုလာတာဖြစ်တယ်လို့ ဘာမင်ဂမ် ကွင်းအဲလိဇဘက်ဆေးရုံမှ ဆီးနှင့်ကျောက်ကပ်ဆရာဝန်ကြီး ရစ်ချတ်ဗီနေးက ပြောပါတယ်။

▪️ Ozempic နဲ့ Wegovy တို့လို ဆေးတွေက ကိုယ်အလေးချိန်ကျစေတာကြောင့် ကျားအင်္ဂါအရွယ်အစားက ပိုကြီးလာတဲ့ပုံပေါ်စေတယ်လို့ ဆိုပါတယ်။

▪️ ဒီလောက်ကြီးမာတဲ့ ပြောင်းလဲမှုတွေက Ozempic လိုဆေးတွေကြောင့်လား၊ အခြားသော နေထိုင်စားသောက်မှုပုံစံတွေကြောင့်လား ဆိုတာကို အချိန်ကြာလာတာနဲ့အမျှ သိလာရမှာဖြစ်ပါတယ်။

#Source: New York Post