#World_Science
Published 16 June 2025
▪️ အာကာသထဲကနေ ၄၄ မိနစ်တိုင်းမှာ ၂ မိနစ်ကြာအောင် ရေဒီယိုလှိုင်းတွေ၊ အိတ်စ်ရေးလှိုင်းတွေ ထုတ်လွှတ်တဲ့ အာကာသအရာဝတ္ထု ရှိနေတာကို အာကာသပညာရှင်များ စိတ်ဝင်စားနေကြပါတယ်။
▪️ ထိုအရာကို ASKAP J1832- 0911 လို့အမည်ပေးထားပြီး Australian Square Kilometre Array Pathfinder (ASKAP) နဲ့ နာဆာရဲ့ Chandra X-ray နက္ခတ်တာရာကြည့်မျှော်စင်တို့ကနေ တွေ့ရှိတာဖြစ်ပါတယ်။
▪️ ဒီလိုအချက်ပြရောင်ခြည် တွေ့ရှိတာဟာ အထူးအဆန်းဖြစ်နေပြီး ဒီနောက်ကွယ်ကနေ ယခင်ကမတွေ့ဖူးတာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။
▪️ သိသမျှကတော့ ASKAP J1832- 0911 ဟာ ကြာမြင့်စွာဖြစ်ပေါ်တဲ့ ယာယီအလင်းတန်း (LPT)ဖြစ်ပြီး ရှားပါးတဲ့ နက္ခတ်ရူပဖြစ်စဉ်တစ်ခု ဖြစ်ကာ အာကာသမီးပြတိုက်လိုမျိုး ရေဒီယိုလှိုင်းတွေ ထွက်ပါတယ်။
▪️ ၂၀၂၂ တုန်းက ပထမဆုံးတွေ့ရှိခဲ့ပြီး LPT ၁၀ ခုသာ မှတ်တမ်းတင်တွေ့ရှိထားပါတယ်။
▪️ ဒီအရာကို ဖြေရှင်းဖို့အတွက် သုတေသီတွေက အာကာသပစ္စည်းအမျိုးအစားနှစ်ခုနဲ့ နှိုင်းယှဉ်ဖို့ ကြိုးစားလာပါတယ်။
▪️ တစ်ခုက အင်အားပြင်း သံလိုက်စက်ကွင်းရှိတဲ့ ကြယ်ကြွေဗဟိုချက်ဖြစ်ပြီး နောက်တစ်မျိုးက ကြယ်စင်နှစ်ခုအတွဲ ဖြစ်ပါတယ်။
▪️ ဒါပေမဲ့ ဒီလိုသီအိုရီတွေနဲ့ပင် ဘာဖြစ်လဲဆိုတာကို မရှင်းပြနိုင်ဘဲ ဒီတွေ့ရှိချက်ဟာ ကြယ်စင်စုဆင့်ကဲပြောင်းလဲမှု ပုံစံအသစ်တွေ ဒါမှမဟုတ် ရူပဗေဒအမျိုးအစားသစ်တစ်မျိုး ဖြစ်နိုင်တဲ့သဘော ဖြစ်ပါတယ်။
▪️ ဒီလိုအရာမျိုးက စက္ကန့်ပိုင်းမျှသာ အလင်းထုတ်ပေးတဲ့ ကြယ်မှုန်တွေ ဖြစ်နိုင်ပေမယ့် LPT တွေကတော့ မိနစ်နာရီကြာတဲ့အထိ ထုတ်လွှတ်ကြပါတယ်။
▪️ အာကာသထဲမှာ ဒီလိုဟာမျိုးရှိတယ်ဆိုရင် နောက်ထပ်အရာတွေအများကြီး ရှိနိုင်ဦးမယ်လို့ စပိန်ကတ္တလန်အာကာသအဖွဲ့အစည်းမှ နက္ခတ်ရူပပညာရှင် နန်ဒရီယာက ပြောသွားပါတယ်။
#Source: WION