#World_News
Published 10 July 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရာဇီးလ်သမ္မတနဲ့ အချင်းများပြီးနောက်မှာ အမေရိကန်က ဘရာဇီးလ်မှ တင်သွင်းကုန်အားလုံးအပေါ် အခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

▪️ ဘရာဇီးလ်သမ္မတ လူးဝစ်အင်နာစီယိုလူလာဒါဆေးလ်ဗားကလည်း အခွန်စည်းကြပ်မှုတွေနဲ့ တုံ့ပြန်သွားမယ်လို့ ပြန်လည်ချေပလိုက်ပါတယ်။

▪️ ၂၀၂၃ ခုနှစ်က လူလာသမ္မတမဖြစ်စေရန် အာဏာသိမ်းကြံစည်ခဲ့တဲ့အမှုဖြင့် တရားရင်ဆိုင်နေရတဲ့ သမ္မတဟောင်း ဂျဲဘိုလ်ဆိုနာရိုအပေါ် ဘရာဇီးလ်ရဲ့ ဆက်ဆံပုံနဲ့ပတ်သက်ပြီး ထရမ့်က အခုလိုအခွန်အခသတ်မှတ်ရခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

▪️ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ၊ အမေရိကားတို့ရဲ့ အခြေခံကျတဲ့ လွတ်လပ်စွာပြောဆိုခွင့်တို့ကို ထိပါးတာကြောင့် အခွန်နှုန်းထားသတ်မှတ်ရခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

▪️ ဒီလိုကြေညာပြီးတဲ့နောက် ဘရာဇီးလ်ငွေကြေးဟာ ဒေါ်လာနဲ့ယှဉ်ရင် ၂ ရာခိုင်နှုန်းကျော် ကျဆင်းလာပြီး အဓိကကုမ္ပဏီကြီးတွေ စတော့ဈေးကွက်မှာ ကျဆင်းနေပြီဖြစ်ပါတယ်။

▪️ အခွန်အသစ်တွေနဲ့ ပတ်သက်ပြီး လူလာက ဒုသမ္မတ၊ ဘဏ္ဍာရေးဝန်ကြီး၊ အခြားပုဂ္ဂိုလ်များနဲ့ ဘရာဆီလီယာမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့ပါတယ်။

▪️ ဘရာဇီးလ်အတွက် တရုတ်ပြီးရင် အမေရိကန်ဟာ ကုန်သွယ်ရေးပိုင်းမှာ ဒုတိယအကြီးမားဆုံး မိတ်ဖက်နိုင်ငံဖြစ်ပြီး ၅၀ ရာခိုင်နှုန်းအခွန်သတ်မှတ်ချက်တွေက ဩဂုတ် ၁ ရက်နေ့မှာ စတင်သွားမှာဖြစ်ပါတယ်။

▪️ ကမ္ဘာကြီးဟာ ပြောင်းလဲထားပြီးဖြစ်ကာ ဧကရာဇ်မင်းလိုလူမျိုး အလိုမရှိဘူးလို့ လူလာက BRICS အစည်းအဝေးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

▪️ ဘရာဇီးလ်အပေါ် အခွန်တိုးမြှင့်သတ်မှတ်လိုက်ခြင်းက အမေရိကန်မှာ စားသောက်ကုန်ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနိုင်ပြီး အမေရိကန်မှာ သောက်သုံးနေကြတဲ့ ကော်ဖီ ၃ ပုံ ၁ ပုံလောက်ဟာ ဘရာဇီးလ်ကနေ တင်သွင်းတာဖြစ်ပါတယ်။

▪️ ဘရာဇီးလ်က အမေရိကန်သို့ နှစ်စဉ် ကော်ဖီအိတ်ပေါင်း ၈ သန်းနီးပါး တင်ပို့ထားပါတယ်။

#Source: Reuters