#World_Health
Published 10 July 2025
▪️ ဟင်းနုနွယ်ရွက်နေ့စဉ်စားခြင်းဖြင့် နာရီပိုင်းအတွင်းမှာပင် သွေးပေါင်ချိန် ကျစေနိုင်ဖွယ်ရှိတယ်လို့ ဆန်ထရာဆေးရုံမှ နှလုံးအထူးကု ဒေါက်တာဒီပတ်ခ်တယ်ရီဂျာက ပြောပါတယ်။
▪️ ဟင်းနုနွယ်မှာပါတဲ့ နိုက်ထရိတ်တွေက ခန္ဓာကိုယ်မှာ နိုက်ထရစ်အောက်ဆိုဒ်အဖြစ် ပြောင်းလဲပေးပြီး သွေးကြောတွေကို ပြေလျော့စေကာ သွေးကြောတွေထဲက သွေးဖိအားလျော့ကျစေပြီး သွေးပေါင်ချိန်ကျစေတယ်လို့ ရှင်းပြပါတယ်။
▪️ ဟင်းနုနွယ်လိုမျိုး အစိမ်းရောင်အရွက်တွေကို နေ့စဉ်ပုံမှန်စားပေးရင် သွေးပေါင်ချိန်များတဲ့သူတွေမှာ အပေါ်သွေးရော အောက်သွေးပါ သိသိသာသာ ကျစေတယ်လို့ စမ်းသပ်ချက်တွေမှာ တွေ့ရှိထားပါတယ်။
▪️ သကြားမုန်လာဖျော်ရည်ဖြင့်လည်း သွေးပေါင်ချိန်များတဲ့ စမ်းသပ်ခံသူ ၆၈ ဦးမှာ နေ့စဉ်သောက်သုံးခိုင်းရာမှာ သွေးပေါင်ချိန်သိသိသာသာ ကျဆင်းတာတွေ့ခဲ့ကြပါတယ်။
▪️ ဟင်းနုနွယ်က ပိုတက်ဆီယံကြွယ်တဲ့အပြင် ခန္ဓာကိုယ်ထဲမှာ ဆိုဒီယံပမာဏ ညီမျှစေပြီး သွေးပေါင်ချိန်ထိန်းသိမ်းပေးပါတယ်။
▪️ ဒါ့အပြင် မဂ္ဂနီဆီယံနဲ့ ဗိုက်တာမင်-စီ၊ ဗိုက်တာမင်-အီး၊ ဘီတာကယ်ရိုတင်းတို့လို မရှိမဖြစ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း များပြားစွာပါဝင်သဖြင့် သွေးကြောကျဉ်းခြင်းနဲ့ ကိုလက်စ်ထရောလ်များခြင်းတို့ကို လျော့ကျစေနိုင်ပါတယ်။
▪️ ဆေးဝါးတွေနေရာမှာ အစားထိုးဖို့မဟုတ်ပေမယ့် ဟင်းနုနွယ်က အာဟာရဓာတ်ဖြည့်တင်းဖို့အတွက်တော့ အစိတ်အပိုင်းတစ်ခုအဖြစ် အရေးပါနေပြီး နှလုံးရောဂါများဖြစ်နိုင်ခြေမှ လျော့ကျစေနိုင်ပါတယ်။
#Source: The Jerusalem Post