#World_News
Published 12 July 2025
▪️ Air India လေယာဉ်ပျက်ကျတဲ့ဖြစ်စဉ် ကနဦးစုံစမ်းစစ်ဆေးချက်တစ်ခုအရ လေယာဉ်ပျက်မကျခင်လေးမှာ လေယာဉ်ထိန်းချုပ်ခန်းအတွင်း နားလည်မှုရှုပ်ထွေးတဲ့ပုံစံ ရှိခဲ့မယ်လို့ ဖော်ပြလာပါတယ်။
▪️ အင်ဂျင်လောင်စာဆီဖြတ်တောက်ခလုတ်များ တပြိုင်တည်းနီးပါး နှိပ်မိခဲ့ကြပြီး အင်ဂျင်မှာ လောင်စာပြတ်တောက်သွားခဲ့တယ်လို့ ဆိုလာပါတယ်။
▪️ ဆယ်စုနှစ်အတွင်း အသေအပျောက်အများဆုံး လေယာဉ်မတော်တဆမှုကို အိန္ဒိယစစ်ဆေးရေးများက စုံစမ်းပြီးနောက် စနေနေ့က ဖော်ပြခဲ့ရာ လန်ဒန်သို့သွားရောက်မယ့် Boeing 787 Dreamliner က အိန္ဒိယ အမ်မာဒါဘက်မြို့ကနေ ထွက်ခဲ့ပြီးနောက် ခဏမှာပဲ တွန်းကန်အားမရှိတော့ဘဲ နိမ့်ဆင်းလာခဲ့ပါတယ်။
▪️ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရို(AAIB)ရဲ့ တင်ပြချက်ထဲမှာ အင်ဂျင်လောင်စာဆီ အရေးပေါ်ဖြတ်တောက်ရေးခလုတ်တွေရဲ့ အနေအထားအကြောင်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီး Boeing နဲ့ အင်ဂျင်ထုတ်လုပ်ရေး GE တို့ကတော့ ဒီကိစ္စအတွက် တာဝန်မရှိဘူးလို့ ယူဆထားပါတယ်။
▪️ Air India လေကြောင်းကို Tata Group က ၂၀၂၂ မှာ အစိုးရထံကနေ လွှဲပြောင်းရယူပြီး ပြန်လည်မွမ်းမံဖို့ကြိုးစားနေတဲ့အချိန်မှာ အခုလိုမတော်တဆမှု ဖြစ်ခဲ့တာပါ။
▪️ CCTV ရုပ်သံဖိုင်ထဲမှာ မြေပြင်ပေါ်မှ တက်သွားပြီးနောက် ခဏမှာပဲ အရံလောင်စာစနစ် ဖွင့်ရတာကိုကြည့်ရင် အင်ဂျင်ပါဝါကျသွားတဲ့ပုံ ပေါ်ပါတယ်။
▪️ လေယာဉ်စက်ထိန်းချုပ်ခန်းထဲက အသံမှတ်တမ်းထဲမှာ လေယာဉ်မှူးတစ်ဦးက အခြားလေယာဉ်မှူးကို ဘာလို့လောင်စာ ဖြတ်တောက်လိုက်လဲလို့ မေးမြန်းခဲ့ပြီး အခြားလေယာဉ်မှူးက မလုပ်ခဲ့ဘူးလို့ ပြန်ဖြေခဲ့ကြောင်း ဖော်ပြထားပါတယ်။
▪️ အဓိကလေယာဉ်မှူးက အသက် ၅၆ နှစ်အရွယ် ဆူမိဆာဘာဝယ်ဖြစ်ပြီး လေယာဉ်မှူးအတွေ့အကြုံ ၁၅,၆၃၈ နာရီရှိကာ တွဲဖက်လေယာဉ်မှူး ကလိုက်ဗ်ကွန်ဒါကတော့ ၃၂ နှစ်ရှိပြီး အတွေ့အကြုံ ၃,၄၀၃ နာရီရှိပါတယ်။
▪️ လောင်စာဆီဖြတ်တောက်ခလုတ်တွေကို တပြိုင်တည်းနီးပါး နှိပ်လိုက်တာက အင်ဂျင်ရပ်သွားစေတဲ့အကြောင်းအရင်း ဖြစ်နေပါတယ်။
▪️ Boeing က စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ထောက်ခံအားပေးနေကြောင်း ပြောထားပါတယ်။
#Source: Reuters