Published 26 February 2022

ရုရှားနှင့်ယူကရိန်းနိုင်ငံအကြားဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် ကမ္ဘာ့ဈေးကွက်မှာ အလျူမီနီယမ်ရဲ့ဈေးဟာ စံချိန်တင် မြင့်တက်သွားရပါတယ်။ သတ္တုတွေထုတ်လုပ်ဖို့ အဓိက စွမ်းအင်ထုတ်လုပ်နေတဲ့ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စွမ်းအင်ပြတ်တောက်မှုတွေဖြစ်လာမှာကို စိုးရိမ်ပူပန်လာကြတာဖြစ်ပါတယ်။

လန်ဒန်သတ္တုဈေးကွက်မှာ အလျူမီနီယမ်ရဲ့ဈေးနှုန်းဟာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၄၄၉ဒေါ်လာအထိ ၄.၈ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ ဒီဈေးနှုန်းဟာ ၂၀၀၈ခုနှစ်တုန်းက စံချိန်တင်ခဲ့တဲ့ ဈေးနှုန်းကိုကျော်ဖြတ်မြင့်တက်သွားတာပါ။

Source CMG

Published 26 February 2022 ရုရှားနှင့်ယူကရိန်းနိုင်ငံအကြားဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် ကမ္ဘာ့ဈေးကွက်မှာ အလျူမီနီယမ်ရဲ့ဈေးဟာ စံချိန်တင်"/>