#LocalNews
Published_22 April 2022
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသမြောက်ဦးမြို့ နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကို ဖယ်ရှားတော့မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က သိရသည်။
မြောက်ဦးဒေသ ယဉ်ကျေးမှုအမွေအနှစ်ယူနက်စကိုဝင်နိုင်ရေးအတွက် တင်ပြထားပြီး ဖြစ်ရာ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတိုတွင် သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သောကြောင့် စနစ်မကျသော ဆိုင်ခန်းများ၊ကျူးကျော်နေထိုင်ခြင်းများမှာ အမြင်မတင့်တယ်သောကြောင့် ယူနက်စကိုကိစ္စတွင် အနှောင့်အယှက်ဖြစ်နိုင်ကြောင်းလည်း သိရသည်။
"ယူနက်စကိုပညာရှင်တွေလာကြည့်တဲ့အခါ မြင်ကွင်းတွေကို ပိတ်ဆို့စေပြီးတော့ အဟန့်အတားဖြစ်စေပါတယ်။ အခု ပထမအဆင့်အနေနဲ့ နန်းတော်ရာကုန်းပတ်ဝန်းကျင်မှာရှိတဲ့ ကျူးကျော်တွေကို ဖယ်ရှားဖို့နဲ့ မဖယ်ရှားဘူးဆိုရင်တော့ အာဏာပိုင်တွေက အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ကြမှာ ဖြစ်ပါတယ်။ နန်းရာကုန်းဝန်းကျင်မှာဆိုရင် အစိုးရအဆောက်အုံတွေဖြစ်တဲ့ ဆေးရုံဟောင်း၊ စာသင်ကျောင်းတွေအပြင် ကျူးကျော်တွေအကုန်လုံးကို ရှင်း" ဟုအမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)၏တာဝန်ရှိသူကပြောသည်။
လာမည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ မြောက်ဦးဒေသအား ယူနက်စကိုစာရင်း ဝင်၊မဝင် ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း ၊ နန်းတော်ရာကုန်း ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်နေရာတွင် ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ လဖက်ရည်ဆိုင်၊ ဆီဆိုင် စသည့်ဆိုင်ခန်း ၃၀ ကျော်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 22 April 2022
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် စိတ်ကျန်းမာရေး ပြင်ပလူနာဌာနကို ဧပြီ ၂၆ ရက် အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
စိတ်ကျန်းမာရေးလူနာဋ္ဌာနကို ပြန်လည်ဖွင့်လှစ်ရာတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အခြား အထူးကုပြင်ပလူနာဌာနများကိုလည်း ပုံမှန်ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာနများအနေဖြင့် အပတ်စဉ် အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်မှလွဲ၍ ကျန် ၅ ရက်တွင် ဖွင့်လှစ်ထားရှိပြီး၊ သက်ဆိုင်ရာ အထူးကုပြင်ပလူနာဋ္ဌာနများကို နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။
ရန်ကုန်ဆေးရုံကြီး၌ ခတ္တပိတ်ထားသော အထူးကုပြင်ပလူနာဋ္ဌာနများ အားလုံးကို မတ် ၁ ရက်နေ့မှစ၍ ပုံမှန်အချိန်ဇယားများအတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။
အထူးကုပြင်ပလူနာဋ္ဌာနများ၌ လူနာများနံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း၊ ပြသရန်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ လူစုလူဝေးကြောင့် ကိုဗစ် ၁၉ ရောဂါကူးစက်မှုမှကာကွယ်ရန် ပြီးခဲ့သော ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ Online Booking စနစ်ကို စတင်စမ်းသပ် သုံးစွဲနေတာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Published 21 April 2022
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလင်စကီးဟာ ဧပြီ (၂၁)ရက်က စပိန်နိုင်ငံဝန်ကြီးချုပ် ပီဒရို ဆက်ရှေးနှင့် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်တို့ကို ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒိန်းမတ်ဝန်ကြီးချုပ်က ယူကရိန်းတွေ လက်နက်တွေ ထပ်ပို့ပေးမယ်လို့ ကတိပေးပြောကြားခဲ့ပြီး စပိန်ကလည်း ဥရောပသမဂ္ဂနှင့်စပိန်တို့က ငြိမ်းချမ်းရေးအတွက် ရှင်းလင်းပြတ်သားတဲ့ စေ့စပ်ဆောင်ရွက်မှုတွေကို ကတိကဝတ်ပြုခဲ့ပါတယ်။
ဒီလိုအခက်အခဲတွေကြားမှာ ယူကရိန်းနှင့်အတူရှိနေတဲ့အတွက် အဆွေတော်တို့ကို ကျေးဇူးတင်ပါတယ်လို့ ဇီလင်စကီးက တယ်လီဂရမ်ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။
Video: AFP
Published 21 April 2022
ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့ မာရီယူပူးလ်ကို အက်ဇောစတယ် သံမဏိစက်ရုံကလွဲပြီး ကျန်အားလုံး ထိန်းချုပ်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူးက သမ္မတ ဗလက်ဒီမာပူတင်ထံသတင်းပို့အပြီး ရုရှား သမ္မတ ဗလက်ဒီမာပူတင်က မာရီယူပူးလ်ကို လွတ်မြောက်စေတဲ့အတွက် ကြိုဆိုဂုဏ်ပြုကြောင်းပြောဆိုလိုက်ပါတယ်။
Source AFP
#WorldCulture
Published 21 April 2022
အိန္ဒိယနိုင်ငံမှာ ခေတ်လူငယ်စုံတွဲအချို့က လိင်ကိစ္စအပေါ် အမြင်ပြောင်းလဲခြင်းအဖြစ် လိင်စိတ်နှိုးဆွပေးတဲ့ ပစ္စည်းများအသုံးပြုလာကြကာ ရှေးရိုးစွဲတားမြစ်ချက်တွေကို စိန်ခေါ်လာကြပြီး လိင်နဲ့ပတ်သက်တဲ့ အရှက်တရားတွေ၊ အကြောက်တရားတွေ၊ အပြစ်မြင်မှုတွေကို အိန္ဒိယနိုင်ငံကနေဖယ်ရှားပစ်မယ်လို့ ပြောဆိုလာကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_21 April 2022
ရန်ကုန်ရွှေဈေးကွက်မှာ အခေါက်ရွှေ အဝယ်လိုက်နေတယ်လို့ ရွှေကုန်သည်တွေပြောတဲ့သတင်းစကားတွေအရ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_21 April 2022
ပုဂံဘုရားတွေအတွက် လုံခြုံရေးထပ်တိုးချဖို့ စီစဉ်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#DailyNews
+++++++++++++++++++++++++++++++++++++++++
Published -21 April 2022
၁။ ပုဂံဘုရားများအတွက် လုံခြုံရေးထပ်တိုးချရန် စီစဉ်နေ
၂။ အခေါက်ရွှေ ဝယ်သူများနေ
၃။ မိုးလေဝသ သတင်း
၄။ အိန္ဒိယတွင် ခေတ်ဆန်သည့် လိင်ကိစ္စအယူအဆအပြောင်းအလဲများဖြင့် ရှေးရိုးစွဲဝါဒတွေကို ရင်ဆိုင်စိန်ခေါ်လာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 21 April 2022
တရုတ်သမ္မတ ရှီကျင့်ဖင်းဟာ ဧပြီလ ၂၁ရက် ကြာသပတေးနေ့ မနက်ပိုင်းက ကျင်းပတဲ့ အာရှအတွက် ဘိုအောင်းဖိုရမ် BFA နှစ်ပတ်လည်ကွန်ဖရင့် ၂၀၂၂ဖွင့်ပွဲမှာ အမှာစကးးပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်း ကျွန်းပြည်တယ် ဟိုင်နန်မှာ ဧပြီ ၂၀ရက်မှ ၂၂ရက်အထိကျင်းပတဲ့ နှစ်ပတ်လည် ဘိုအောင်းဖိုရမ်ကို “ ကိုဗစ်-၁၉နှင့် အလွန်ကမ္ဘာ- ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးနှင့် မျှဝေခံစားအနာဂတ်” ဆိုတဲ့ ခေါင်းစဉ်နှင့် ကျင်းပနေတာပါ။
ကမ္ဘာကြီးမှာ စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရတဲ့အချိန်မှာ ကျင်းပတဲ့ ဒီနှစ် နှစ်ပတ်လည်ဘိုအောင်းဖိုရမ်ဟာ အလွန့်ကို ထူးခြားအရေးပါနေပါတယ် လို့ သမ္မတရှီကပြောပါတယ်။
“ကမ္ဘာကြီး၊အချိန်ကာလတွေနှင့် သမိုင်းရဲ့ပြောင်းလဲမှုတွေဟာ အခုဆိုရင် မကြုံစဖူးသောလမ်းကြောင်းတွေ လှစ်ဟပြသနေပါတယ်။ အဲဒါတွေဟာ လူသားတွေအပေါ် စိန်ခေါ်မှုတွေဖြစ်လာပြီး ဒါကို ဂရုတစ်စိုက်ကိုင်တွယ်ရပါမယ်။ ရာစုနှစ်မှာတစ်ခါကြုံရတဲ့ ကပ်ဘေးရဲ့အရိပ်ကနေ လူသားတွေ မထွက်ခွာနိုင်သေးတဲ့အလျောက် သမားရိုးကျလုံခြုံရေး အန္တရာယ်အသစ်တွေဟာလည်း ပေါက်ဖွားလာနေပါတယ်။ ထိခိုက်လွယ်ပြီးယိုင်တိယိုင်တိုင်ဖြစ်နေတဲ့ ကမ္ဘာ့စီးပွာရေးနာလန်ထူမှုဟာ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုတွေကျယ်ပြန်လာကြောင့် ပိုဆိုးရွားလာနေစေပါတယ်။ အုပ်ချုပ်မှုလိုငွေပြနေတဲ့ ရာသီဥတုပြောင်းလဲမှုလိုမျိုးနယ်ပယ်တွေကိစ္စ မကိုင်တွယ်ရသေးချိန်မှာ ဒစ်ဂျစ်တယ်အုပ်ချုပ်မှုလိုမျိုတွေက ကျွန်တော်တို့ရှေ့ရောက်လာနေတယ်။ အဲဒါကြောင့် ဒီနောက်ခံကားပေါ်က ဒီနှစ် ကွန်ဖရင့်ရဲ့ ခေါင်းစဉ်ဟာ အထူးကိုအရေးကြီးနေပါတယ်” လို့ သမ္မတရှီကပြောပါတယ်။
တရုတ်ဒုတိယဝန်ကြီးချုပ် ဟန်ကျိုင်းကလည်း ဖွင့်ပွဲနှင့်အခြားဆက်စပ်အခမ်းအနားတွေကို တက်ရောက်ပါတယ်။
တက်ရောက်သူတွေဟာ အာရှနှင့် ကမ္ဘာကြီးရဲ့ ကပ်ဘေးအလွန်ဖွံဖြိုးရေးတိုးတက်ရေးအစီအစဉ်တွေကို ကွန်ဖရင့် အစည်းအဝေးတွေအတွင်း ဆွေးနွေးဖလှယ်ကြမှာဖြစ်ပါတယ်။
၁၉၉၈ စီးပွားရေးအကျပ်အတည်းဖြစ်ပြီးတဲ့နောက် အာရှနိုင်ငံတွေဟာ စီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုတွေကိုရှာဖွေရင်း ၂၀၀၁ခုနှစ်မှာ ဘိုအောင်းဖိုရမ်ကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကြီးအဖြစ် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။
Source CMG
#LocalNews
Published - 21 April 2022
မြစ်ကြီးနား - ပူတာအို ကားလမ်းမကြီးတွင် ဖြစ်ပွားလျက်ရှိတဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုတွေနှောင့်နှေးမှာကို ပူတာအိုဒေသခံများအနေနဲ့ စိုးရိမ်လျက်ရှိနေကြတယ်လို့ သိရပါတယ်။
အဆိုပါ လမ်းမကြီးဟာ ပူတာအိုဒေသတစ်ခုလုံး၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ယခုလို တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လမ်းများပိတ်ဆို့နေသည့်အတွက် ကုန်တင်ကားကြီးများ သွားလာနိုင်မှုမရှိခြင်းကြောင့် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများပြတ်လပ်မှုဖြစ်ပေါ်မှာကို ဒေသခံများက စိုးရိမ်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
"သူက လမ်းကြောင်းပေါ်မှာဖြစ်တာပေါ့ နော်။မြို့ပေါ်မှာကတော့ ငြိမ်နေတယ်၊ တိုက်ပွဲဖြစ်တာ တွေက မရှိတော့ဘူး။ တစ်လကျော်လောက်ရှိပြီ အခုက မြစ်ကြီးနား - ပူတာအို သွားတဲ့လမ်းမှာ တိုက်ပွဲတွေဖြစ်နေတာလို့ သိရတယ်။ အခုလည်း မြို့ပေါ်မှာ စက်သုံးဆီတွေကို အလုအယက်ဝယ် ယူနေကြရတယ်။ ကျနော်တို့က မိုးတွင်းကာလအတွက် စိုးရိမ်တာပေါ့နော်။ကုန်စျေးနှုန်းတွေ တက်မှာ ပစ္စည်းတွေပြတ်လပ်မှာကို ဘယ်လိုဖြစ်လာအုံးမလဲဆိုတာ ဆက်ပြီးတော့စောင့်ကြည့်ရအုံးမှာနော်။" လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိ ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ဓါတ်ဆီတစ်ဂါလံလျှင် ၁၂,၀၀၀ ကျပ်အထိ ပေါက် စျေးရှိနေပြီး ဓါတ်ဆီရရှိဖို့အတွက် ဒေသခံများက ဆီဆိုင်များမှာအလုအယက်ဝယ်ယူနေကြရတယ်လို့လည်း သိရပါတယ်။
ပူတာအိုဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပြီး တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးမှု ရှိ၊မရှိ ဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 21 April 2022
ဒီကနေ့ နံနက်ပိုင်းအချိန်က အမြန်လမ်းမကြီးတွင် အိမ်စီးယာဥ်တစ်စီးကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်း အုတ်ကန်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၂၁ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၉/၃)နှင့် (၃၃၉/၄)ကြားတွင် အိမ်စီးယာဉ်(၁)စီး ရှေ့ယာဘက်ဘီးပေါက်မှုဖြစ်ပွားကာ လမ်းလယ်ကျွန်းရှိ အုတ်ကန်အား ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။
အဆိုပါ ယာဥ်မတော်တဆမှုဖြစ်ပွားရာသို့ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရပြီး ယင်းဖြစ်စဥ်ကြောင့် ယာဥ်ပေါ်ပါ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးကိုလည်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က တံတားဦးမြိုနယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published_21 April 2022
ဒေါ်လာမှ သတ်မှတ်မြန်မာကျပ်ငွေ လဲလှယ်ရာတွင် ကင်းလွတ်ခွင့်ရစာရင်းများကို ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် MIC ခွင့်ပြုချက်ဖြင့်လုပ်နေသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊အထူးစီးပွားရေးဇုန်များမှ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်များနှင့် မိသားစုဝင်များ၊ကုလသမဂ္ဂဝန်ထမ်းများ၊ကုလသမဂ္ဂ ခရီးသွားလက်မှတ်ကိုင် မြန်မာနိုင်ငံသားများ၊ ပြည်ပက လာရောက်လုပ်ကိုင်နေသည့် ဖွံဖြိုးရေးအေဂျင်စီများမှ နိုင်ငံခြားသားဝန်ထမ်းများ၊အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း(INGO)နှင့် အေဂျင်စီ ဝန်ထမ်းများ၊နိုင်ငံပိုင် နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများက ကင်းလွတ်ခွင့်ရကြောင်း ပါရှိသည်။
နိုင်ငံခြားသုံးငွေဖြင့်ရသော ဝင်ငွေတွေကို တစ်ရက်အတွင်းလဲလှယ်ရန်နှင့် နိုင်ငံခြားငွေစာရင်းထဲမှ ငွေများကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁,၈၅၀ ကျပ်ဖြင့် ရောင်းချကြရန် ဗဟိုဘဏ်က ပြီးခဲ့သည့် ဧပြီလ ၃ ရက်တွင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
Page 1687 of 1809