Published 30 March 2023
အမေရိကန်စစ်တပ်ရဲ့ စစ်ရဟတ်ယာဉ်နှစ်စီး ကင်တပ်ကီပြည်နယ်မှာ လေ့ကျင့်မှုတွေလုပ်ဆောင်စဉ် တစ်စီးနှင့်တစ်စီး တိုက်မိပြီး ပျက်ကျခဲ့တဲ့အတွက် အနည်းဆုံးလူ (၉) ဦးသေဆုံးခဲ့တယ်လို့ သတင်းများကဖော်ပြပါတယ်။
စစ်တပ်ပြောရေးဆိုခွင့်ရအမျိုးသမီး နွန်ဒစ်အယ်လ်သာမန်းကတော့ သေဆုံးဒဏ်ရာရသူတွေအကြောင်းမသိရသေးဘူးလို့ပြောကြောင်း နယူးယောက်တိုင်းမစ်သတင်းစာက ရေးသားပါတယ်။ဒါပေမယ့် ဒေသဆိုင်ရာ မီဒီယာတွေက အနည်းဆုံးလူ (၉)ဦးသေဆုံးခဲ့တယ်လို့ရေးသားကြတယ်လို့ ဒေးလီမေးလ်သတင်းစာကဖော်ပြပါတယ်။
ပြည်နယ်အပ်ချုပ်ရေးမှူး အန်ဒီဘက်ရှီရာက တွစ်တာမှာပြောကြားရာမှာ သေဆုံးထိခိုက်မှုတွေရှိလိမ့်မယ်လို့ သူမျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုဌာနက တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်နေကြပြီလို့သိရပါတယ်။
ဗုဒ္ဓဟူးနေ့ (မတ်လ၂၉)ရက် ည ၁၀နာရီခန့်မှာ HH60 Black Hawk ရဟတ်ယာဉ်နှစ်စီးဟာ ကင်တပ်ကီပြည်နယ်၊ ထရစ်စီရင်စုမှာမှာ လေ့ကျင့်ပျံသန်းနေရင်း တစ်စီးနှင့်တစ်စီးတိုက်မိကြတာဖြစ်ပါတယ်။
တပ်သားတွေနှင့် သူတို့ရဲ့မိသားစုတွေကို စောင့်ရှောက်မှုတွေပေးဖို့ အာရုံစိုက်နေပြီး ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောရေးဆိုခွင့်ရအမျိုးသမီး သာမန်းကပြောပါတယ်။
ရဟတ်ယာဉ်တွေပေါ် လူဘယ်နှစ်ဦးလိုက်ပါသွားသလဲဆိုတာလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ထရစ်စီရင်စုက ထောင်မှူးတစ်ဦးဖြစ်တဲ့ အမ်းစ် ဟူးချ်က ဒေသဆိုင်ရာ ရေဒီယိုဌာနတစ်ခုကိုပြောကြားရာမှာ သူဟာ ပျက်ကျတဲ့နေရာနှင့် မိုင်ဝက်ခန့်ဝေးကွာတဲ့နေရာမှာရှိနေပြီး တိုက်မိတဲ့အသံကြီးလိုမျိုးကျယ်ကျယ်လောင်လောင် အသံကြီးကြားလိုက်ရတယ်လို့ဆိုပါတယ်။
အဆိုပါရဟတ်ယာဉ်နှစ်စီးဟာ အမှတ်၁၀၁ လေကြောင်းချီတပ်မရဲ့လက်အောက်မှာပျံသန်းနေတာဖြစ်ပါတယ်။
Source: NY Times/Daily Mail
#Blackhawk ရဟတ်ယာဉ်နှစ်စီးတိုက်မိပျက်ကျ
#အမေရိကန်စစ်တပ်ရဟတ်ယာဉ်နှစ်စီးတိုက်မိပျက်ကျ
#YangonMediaGroup
- Category: World
#World_Politics
Published 30 March 2023
ထိုင်ဝမ်သမ္မတ 'ဆိုင်အင်ဝမ်' ဟာ အမေရိကန်မှာ ခရီးတစ်ထောက်ဝင်ရောက်ရန်အတွက် ဗုဒ္ဓဟူးနေ့က နယူးယော့ခ်သို့ရောက်ရှိလာပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ 'ကီဗင်မက်ကာသီ'နဲ့တွေ့ဆုံခဲ့ရင်တရုတ်က လက်တုန့်ပြန်မယ်လို့ ခြိမ်းခြောက်ထားပြီးနောက် ပြင်ပဖိအားတွေက ကမ္ဘာကြီးနှင့်သူတို့ထိတွေ့ဆက်ဆံနေမှုကိုတားဆီးလို့ရမှာမဟုတ်ဘူးလို့ သူမက သန္နိဋ္ဌာန်ချထားတယ်လို့ ပြောပါတယ်။
ဆိုင်အင်ဝမ်နဲ့မတွေ့ဆုံဖို့ အမေရိကန်တာဝန်ရှိသူများကို အကြိမ်ကြိမ်သတိပေးထားသလို အခုလိုတွေ့ဆုံခြင်းဟာ ထိုင်ဝမ်ကျွန်းရဲ့ ကိုယ်ပိုင်သီးသန့် နိုင်ငံဖြစ်ချင်တဲ့ဆန္ဒကို ထောက်ခံအားပေးတယ်လို့ တရုတ်ကမြင်နေပါတယ်။
ဩဂုတ်လက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ 'နန်စီပယ်လိုစီ' ထိုင်ပေသို့သွားရောက်စဉ်က တရုတ်ဟာ ထိုင်ဝမ်အနီးမှာ စစ်ရေးပြမှုများပြုလုပ်ခဲ့ပါသေးတယ်။
ဆိုင်အင်ဝမ် နိုင်ငံခြားခရီးသွားနေစဉ် တရုတ်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြောင်း ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့များက ပြောကြားခဲ့ပါတယ်။
ဆိုင်အင်ဝမ်က ဂွာတီမာလာနဲ့ ဘီလစ်ဇ်တို့ကို ခရီးစဉ်သွားရောက်မှာဖြစ်ပြီး ထိုင်ဝမ်ကို သံတမန်ရေးအရ အသိအမှတ်ပြုတဲ့ နိုင်ငံအနည်းစုထဲက နိုင်ငံတွေဖြစ်ပါတယ်။
စနေနေ့မတိုင်ခင်အထိ နယူးယော့ခ်မှာ ရှိနေမှာဖြစ်ကာ အမေရိကအလယ်ပိုင်းကနေ အပြန်လမ်းမှာ လော့စ်အိန်ဂျလိစ်ကိုလည်း ဝင်ရောက်လည်ပတ်မှာဖြစ်ပါတယ်။
မက်ကာသီနဲ့ ကယ်လီဖိုးနီးယားမှာ တွေ့ဆုံဖို့မျှော်မှန်းထားပေမယ့် တရားဝင်အတည်မပြုရသေးပါဘူး။
ကမ္ဘာကအသိအမှတ်ပြုခံရဖို့အရေးကို ဘယ်လိုပြင်ပဖိအားမျိုးကမှ ဖိနှိပ်မထားနိုင်စေရဘူးလို့ ဆိုင်အင်ဝမ်က ထိုင်ဝမ်ကမထွက်ခွာမီ အပြည်ပြည်ဆိုင်ရာအဓိကလေဆိပ်မှာ ပြောကြားသွားပါတယ်။
ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ခွင့်လမ်းကြောင်းပေါ်မှာ မဆုတ်မလျော့လျှောက်လှမ်းသွာပြီး ကမ္ဘာသိအောင်ပြုလုပ်မှာပါ၊ ဒီလမ်းခရီးက ခက်ခဲကြမ်းတမ်းပေမယ့် တစ်ဦးတည်းကျန်မနေပါဘူး" လို့ ဆိုသွားပါတယ်။
အမေရိကန်ရှိ ထိုင်ဝမ်ရဲ့ တရားဝင်လုပ်မထားတဲ့ သံရုံးကတော့ ဆိုင်အင်ဝမ် နယူးယော့ခ်သို့ရောက်ရှိလာတာကို အတည်ပြုလိုက်ပြီး ဒီကိုရောက်ရှိနေစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတွေ မိန့်ခွန်းတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
နိုင်ငံအများအပြားက ထိုင်ဝမ်ကို အသိအမှတ်မပြုကြတော့ဘဲ တရုတ်ဘက်ကိုသာ ဦးတည်လာကြပါတယ်။
တရုတ်ကတော့ ထိုင်ဝမ်ကျွန်းဟာ တရုတ်တစ်သွေးသားတည်းမူဝါဒမှာ ပါဝင်တာကြောင့် အခြားနိုင်ငံတွေနဲ့ ဆက်ဆံခွင့်မရှိဘူးလို့ဆိုထားကာ ထိုင်ဝမ်ဘက်က ငြင်းဆိုထားပါတယ်။
ဆိုင်အင်ဝမ်သာ မက်ကာသီနဲ့တွေ့ဆုံမယ်ဆိုရင် တရုတ်ဘက်က ပြန်လည်တုန့်ပြန်ဖို့ အတိုင်းအတာတွေ သေချာပေါက်ချမှတ်သွားမယ်လို့ တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံး ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
Source: Reuters
#ထိုင်ဝမ်သမ္မတ #အမေရိကန် #တရုတ်
#YMG #Yangon_Media_Group
- Category: World
#World_Health
Published 30 March 2023
ကင်ဆာကို စောစီးစွာတွေ့ရှိနိုင်မယ့် ကုသနည်းကို စမ်းသပ်နေကြပြီဖြစ်ပါတယ်။
ကင်ဆာလူနာတွေမှာ အောင်မြင်စွာစမ်းသပ်ခဲ့ပြီးနောက် ကင်ဆာအကျိတ်မဖြစ်ခင် တစ်နှစ်အလိုလောက်ကတည်းက ခန့်မှန်းသိရှိနိုင်မယ့် သွေးစစ်နည်းတစ်ခုကို ယူကေတလျှောက်ရှိ ဆေးရုံတွေမှာ စတင်အသုံးပြုနေပါပြီ။
"အခြားနည်းပညာတွေထက် အကျိတ်ပေါ်မလာခင်မှာပဲ ပိုမိုစောစီးစွာသိရှိနိုင်ပါတယ်" လို့ ဇာဓာတ်ခွဲခန်းတည်ထောင်သူ' အရှစ်ထရစ်ပါသီ'က ပြောပြခဲ့ပါတယ်။
"သွေးစစ်ဆေးနည်းဖြင့် အစောကတည်းက တွေ့ရှိနိုင်ရုံမက ကင်ဆာအမျိုးအစားနဲ့ ဘယ်နေရာမှာဖြစ်မလဲဆိုတာကိုပါ ပြောပြနိုင်ပါတယ်" လို့ ဆိုပါတယ်။
ကင်ဆာမရှိသူအယောက် ၅၀၀ နဲ့ ကင်ဆာရောဂါသည် ၅၀၀ တို့ကိုစမ်းသပ်ခဲ့ရာ အနည်းဆုံး ကင်ဆာ ၂၅ မျိုးကနေ အကျိတ်ဖြစ်ပေါ်နိုင်ချေတွေကို တိကျစွာခန့်မှန်းနိုင်ခဲ့ပါတယ်။
မှားယွင်းပြီး ရောဂါတွေ့ရှိတာမျိုး၊ မတွေ့ရှိတာမျိုး မဖြစ်ခဲ့ပါဘူး။
ကင်ဆာကို အစောပိုင်းအဆင့်ကတည်းက သိရှိတာမျိုးက ကင်ဆာကုသရေးအတွက် အလွန်အထောက်အကူဖြစ်ကြောင်း လန်ဒန်မှ အစာအိမ်အူလမ်းကြောင်းအထူးကု ဒေါက်တာ'ရှရစ်ဖ်ရောက်ဖ်'က ပြောကြားခဲ့ပါတယ်။
၁ ကုဗစင်တီမီတာရှိတဲ့ အကျိတ်ဖြစ်ပေါ်ဖို့ ကင်ဆာဆဲလ်ပေါင်း ၁ ဘီလီယံခန့်လိုအပ်ပါတယ်။
ကင်ဆာရောဂါရှာဖွေခြင်းအတွက် ယခင်က တီထွင်ထုတ်လုပ်ထားတဲ့ သွေးစစ်ဆေးမှုအများစုကို သွေးမှတစ်ဆင့် သွားလာနေတဲ့ အကျိတ်ဆဲလ်များကို တွေ့ရှိရန် ပြုလုပ်ထားတာဖြစ်ပါတယ်။
ထရစ်ပသီရဲ့အဆိုအရ ထိုနည်းလမ်းဟာ မှားယွင်းတဲ့လက္ခဏာများပြနိုင်ပြီး အကြောင်းမှာ သွေးနမူနာတိုင်းက ထိုဆဲလ်များကို ဖြစ်ပေါ်စေမှာမဟုတ်တာကြောင့် ဖြစ်ပါတယ်။
သူတို့အောင်မြင်ခဲ့တဲ့နည်းလမ်းအရ အခြားကုမ္ပဏီတွေက သွေးထဲက အကျိတ်ဆဲလ်အပိုင်းအစတွေကို ရှာဖွေနေတာဖြစ်ပြီး ထိုအကျိတ်ဆဲလ်အများစုက ကင်ဆာအစောပိုင်းအဆင့်တွေမှာ မတွေ့ရသေးကြောင်း ရှင်းပြသွားပါတယ်။
ယခုရှာဖွေနည်းလမ်းကတော့ အစောပိုင်းကင်ဆာအဆင့်တွေကို တွေ့ရှိနိုင်ရုံမက ပင်မစတမ်ဆဲလ်တွေ ကင်ဆာမဖြစ်ခင် ၁၈ လအကြိုကတည်းက သိရှိနိုင်မှာဖြစ်ပါတယ်။
Source: NY Post #ကင်ဆာအကျိတ် #ကင်ဆာရှာဖွေရေးနည်းလမ်းသစ်
#Yangon_Media_Group
- Category: World
#World_Health
Published 30 March 2023
အမှောင်ထုထဲမှာ မျက်စိမှိတ်လိုက်တဲ့အခါ မြင်နေရတဲ့အရောင်က အနက်ရောင်မဟုတ်ဘဲ မီးခိုးရောင်အရိပ်သာ ဖြစ်နေပါတယ်။
လူတွေရဲ့ဦးနှောက်က အမြင်အာရုံကရတဲ့ အချက်အလက်တွေကို လုပ်ဆောင်တဲ့အခါမှာ အရောင်ကွဲပြားခြားနားချက်က အလင်းရောင်ထက် များစွာအရေးပါနေပါတယ်။
အမှောင်ထုက ကျွန်ုပ်တို့မြင်နေရတဲ့ အလင်းဆုံးအရောင်နဲ့ ဆက်စပ်နေပါတယ်။
ဥပမာအားဖြင့် ကြယ်တွေရဲ့အရောင်ခြားနားခြင်းကြောင့် ညဘက်ကောင်းကင်က မီးခိုးရောင်အရိပ်ထက် ပိုမိုနက်မှောင်သလို မြင်နေရပါတယ်။
လေ့လာချက်များမှာတော့ နောက်ခံအရောင်လိုက်ဖက်ညီမှုဖြင့်သာ သိပ္ပံပညာရှင်များ သုံးနှုန်းကြပြီး မျက်လုံးတွေက အလင်းကိုဘယ်လိုတုန့်ပြန်လဲဆိုတာနဲ့ အမှောင်ထုကို ဘယ်လိုကျင့်သားရလဲဆိုတာတွေနဲ့ ဆက်စပ်နေပါတယ်။
အရောင်ခွဲခြားသိရှိမှုကို ဦးနှောက်ရှိ အာရုံကြောချိတ်ဆက်မှုများနဲ့ မျက်ကြည်လွှာတို့မှ သိရှိတာဖြစ်ပြီး မီးခိုးရောင်က အမြဲတည်ငြိမ်နေတာတော့ မဟုတ်ပါဘူး။
အိပ်နေတုန်း မျက်လုံးမှိတ်ထားတာ ကြာလာတာနဲ့အမျှ မီးခိုးရောင်က တဖြည်းဖြည်းအရောင်ဖျော့လာပါတယ်။
Source: The Jerusalem Post #World_Health #မျက်လုံးမှိတ်
#World_Health #ဘာရောင်လဲ
- Category: World
#World_Agricultur
Published 29 March 2023
ကော်စတာရီကာတောတွေထဲကထွက်တဲ့ ပန်းရောင်နာနတ်သီးဟာ မျိုးဗီဇပြုပြင်ကာ စိုက်ပျိုးထားတာဖြစ်ပြီး ပိုမိုအရည်ရွှမ်းအရသာရှိပါတယ်။
#World_Agriculture #ပန်းရောင်နာနတ်သီး #ကော့စတာရီကာစိုက်ခင်း#YMG#Yangon_Media_Group
- Category: World
#DailyNews
Published_ 29 March 2023
၁။ရန်ကုန်၊ မန္တလေးအတာအိုးလက်ကားဈေးကွက် အရောင်းသွက်နေ
၂။မြဝတီမြို့အရေးပေါ် လူနာတင်ယာဉ်များ ၅ နာရီကြာသည့် ထိုကော်ကိုးလမ်းကို အသုံးပြုပြီးသွားလာနေရတဲ့အတွက် အခက်အခဲဖြစ်နေ
၃။ စားသုံးဆီ ရည်ညွှန်းသတ်မှတ်ဈေး ၄၄၃၀ ကျပ်သတ်မှတ်ထားပြီး အရင်အပတ်ထက်ဈေးကျ
၄။အဖိုးတန်လှသည့် ပန်းရောင်နာနတ်သီးများ ကော့စတာရီကာစိုက်ခင်းများတွင် ထွက်ရှိနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
- Category: Myanmar
#LocalNews
Published_ 29 March 2023
မြန်မာနိုင်ငံရှိတရုတ်လုပ်ငန်းရှင်များအပါအဝင်မြန်မာလုပ်ငန်းရှင်များကို တရုတ်နိုင်ငံ၊လင်ချန်းမြို့တွင်လာရောက်ရင်းနှီးမြှုပ်နှံရန်လင်ချန်းမြို့၊မြို့တော်ဝန်မှဖိတ်ခေါ်ခဲ့ကြောင်း မြန်မာနိုင်ငံတရုတ်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်၊၊
ယူနန်ပြည်နယ် လင်ချန်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး လင်ချန်းမြို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
လင်ချန်းမြို့၊ မြို့တော်ဝန်Mr. Du Jianhui က လင်ချန်းသည် ကိုယ်ပိုင်အားသာချက်များကို အသုံးချ၍ မြန်မာနိုင်ငံနှင့် တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို အင်အားစုစည်း၍ မြှင့်တင်လျက်ရှိကြောင်း၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည် ကြီးမားကြောင်း၊ တက်ရောက်လာကြသော လုပ်ငန်းရှင်များ လင်ချန်းသို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါမိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့ပြီး ၄င်းကလင်ချန်းမြို့သည် မြန်မာနိုင်ငံသို့ တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို များစွာအလေးထားကြောင်း၊ နိုင်ငံလုံးဆိုင်ရာ လွှတ်တော်အစည်းအဝေးနှစ်ရပ် အောင်မြင်စွာ ကျင်းပပြီးစီး၍ မကြာမီတွင် မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ လင်ချန်းနှင့် မြန်မာနိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး နယ်စပ်ဂိတ်၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် နယ်စပ်ဈေးများ ပိုင်ဆိုင်ထားကြောင်း၊ မြန်မာနိုင်ငံသို့ တံခါးဖွင့်ရန်အတွက် ထူးခြားသော တည်နေရာအားသာချက်နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအခြေခံ ရှိကြောင်း၊ လင်ချန်းမှ ၎င်း၏ ကိုယ်ပိုင်အားသာချက်များကို အပြည့်အဝဖော်ထုတ်ရန်၊ အခြေအနေအလိုက် ဆောင်ရွက်ပြီး မြန်မာနိုင်ငံနှင့် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရန် သံရုံးမှ ကူညီပေးလိုကြောင်း ပြောကြားသည်။
ယင်းမိတ်ဆက်ပွဲကိုမြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဌ ဦးအိုင်ထွန်း၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း အမှုဆောင်ဒုဥက္ကဌ Mr. Yao Fenggang နှင့် မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များ၊ တရုတ်နွယ်ဖွားလုပ်ငန်းရှင်များ စသဖြင့် လူဦးရေ ၆၀ ခန့် တက်ရောက်ခဲ့သည်။
မိတ်ဆက်ပွဲတွင် လင်ချန်းမြို့၏ သက်ဆိုင်ရာတာဝန် ရှိသူများက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး မိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြပြီး လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံသို့ လင်ချန်းမြို့၏ တံခါးဖွင့်လှစ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်၊၊
ymg/tthl
Yangon_Media_Group
- Category: China_Myanmar