Published 30 March 2023

အမေရိကန်စစ်တပ်ရဲ့ စစ်ရဟတ်ယာဉ်နှစ်စီး  ကင်တပ်ကီပြည်နယ်မှာ လေ့ကျင့်မှုတွေလုပ်ဆောင်စဉ် တစ်စီးနှင့်တစ်စီး  တိုက်မိပြီး ပျက်ကျခဲ့တဲ့အတွက် အနည်းဆုံးလူ (၉) ဦးသေဆုံးခဲ့တယ်လို့ သတင်းများကဖော်ပြပါတယ်။

စစ်တပ်ပြောရေးဆိုခွင့်ရအမျိုးသမီး နွန်ဒစ်အယ်လ်သာမန်းကတော့ သေဆုံးဒဏ်ရာရသူတွေအကြောင်းမသိရသေးဘူးလို့ပြောကြောင်း နယူးယောက်တိုင်းမစ်သတင်းစာက ရေးသားပါတယ်။ဒါပေမယ့် ဒေသဆိုင်ရာ မီဒီယာတွေက အနည်းဆုံးလူ (၉)ဦးသေဆုံးခဲ့တယ်လို့ရေးသားကြတယ်လို့ ဒေးလီမေးလ်သတင်းစာကဖော်ပြပါတယ်။

ပြည်နယ်အပ်ချုပ်ရေးမှူး အန်ဒီဘက်ရှီရာက တွစ်တာမှာပြောကြားရာမှာ သေဆုံးထိခိုက်မှုတွေရှိလိမ့်မယ်လို့ သူမျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုဌာနက တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်နေကြပြီလို့သိရပါတယ်။

ဗုဒ္ဓဟူးနေ့ (မတ်လ၂၉)ရက် ည ၁၀နာရီခန့်မှာ HH60 Black Hawk ရဟတ်ယာဉ်နှစ်စီးဟာ  ကင်တပ်ကီပြည်နယ်၊ ထရစ်စီရင်စုမှာမှာ လေ့ကျင့်ပျံသန်းနေရင်း တစ်စီးနှင့်တစ်စီးတိုက်မိကြတာဖြစ်ပါတယ်။

တပ်သားတွေနှင့် သူတို့ရဲ့မိသားစုတွေကို စောင့်ရှောက်မှုတွေပေးဖို့ အာရုံစိုက်နေပြီး ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောရေးဆိုခွင့်ရအမျိုးသမီး သာမန်းကပြောပါတယ်။

ရဟတ်ယာဉ်တွေပေါ် လူဘယ်နှစ်ဦးလိုက်ပါသွားသလဲဆိုတာလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ထရစ်စီရင်စုက ထောင်မှူးတစ်ဦးဖြစ်တဲ့ အမ်းစ် ဟူးချ်က ဒေသဆိုင်ရာ ရေဒီယိုဌာနတစ်ခုကိုပြောကြားရာမှာ သူဟာ ပျက်ကျတဲ့နေရာနှင့် မိုင်ဝက်ခန့်ဝေးကွာတဲ့နေရာမှာရှိနေပြီး တိုက်မိတဲ့အသံကြီးလိုမျိုးကျယ်ကျယ်လောင်လောင် အသံကြီးကြားလိုက်ရတယ်လို့ဆိုပါတယ်။

အဆိုပါရဟတ်ယာဉ်နှစ်စီးဟာ အမှတ်၁၀၁ လေကြောင်းချီတပ်မရဲ့လက်အောက်မှာပျံသန်းနေတာဖြစ်ပါတယ်။

Source: NY Times/Daily Mail

#Blackhawk ရဟတ်ယာဉ်နှစ်စီးတိုက်မိပျက်ကျ

#အမေရိကန်စစ်တပ်ရဟတ်ယာဉ်နှစ်စီးတိုက်မိပျက်ကျ

#YangonMediaGroup