Published 9 Oct 2022

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ ခက်ခဲတဲ့ လမ်းခွဆုံကို ရောက်နေပြီလို့ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ က သတိပေးလိုက်ပါတယ်။ ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုးမြင့်တက်ခြင်း၊အတိုးနှုန်းများတက်နေခြင်းနှင့် ကျယ်ပြန့်လာနေတဲ့ အကြွေးအကျပ်အတည်းတွေအပါအဝင် များလှစွာသော ဆိုးရွားမှုတွေရိုက်ခတ်နေတဲ့အတွက် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတစ်ခုရောက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်စတယ်လီနာ ဂျော့ဂီဗာ က ပြောပါတယ်။ ဒါပေမယ့်  ဒီမုန်တိုင်းကို ခံနိုင်ရည်ရှိစေဖို့ အဖွဲ့အစည်းတွေဟာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားနေတယ်လို့လည်း သူမက ပြောပါတယ်။

Source AFP

#IMF

#Global_Economy

#Global_Economy_Crisis