#Health_Tips
Published 10 October 2022

 

ကျောက်ကပ်မှာ ပုံဆောင်ခဲလေးတွေ ဖြစ်ပေါ်လာတဲ့အခါ ကျောက်တည်ခြင်း ဖြစ်ပေါ်လာပါတယ်။
ဒီပုံဆောင်ခဲလေးတွေက ကျောက်ကပ်တွေမှာရော ဆီးလမ်းကြောင်းမှာပါ စူးရှနာကျင်စေပါတယ်။
ကျောက်ကပ်ထဲက ကျောက်တွေက ကြီးလွန်းပြီး မပျော်ဝင်နိုင်တော့တဲ့အခါ ခွဲစိတ်ဖို့ လိုအပ်လာပါတယ်။
ကျောက်ကြေနိုင်လောက်တဲ့ အခြေအနေဆိုရင်လည်း သဘာဝအတိုင်း ကြေနိုင်မယ့်နည်းလမ်းတွေ ရှိနေနိုင်ပါတယ်။

 

(၁) ရေ
လုံးဝကျောက်ကြေဖို့အတွက်ဆိုရင် ရေသောက်တယ်ဆိုတာထက် ပိုမိုလိုအပ်ပါတယ်။
ရေသောက်တဲ့အခါ ဆီးလမ်းကြောင်းကနေ ဆီးအဖြစ်မထွက်သွားခင် ကျောက်တွေကို ကြေစေနိုင်ပါတယ်။
လူကြီးတစ်ယောက်အတွက် တစ်နေ့ကို ရေ ၂ လီတာသောက်ပေးဖို့ အထူးအကြုံပြုလိုက်ပြီး ပူလွန်းတဲ့အခါမျိုးနဲ့ လှုပ်ရှားမှုများတဲ့အခါဆိုရင် နေ့ဘက်အတွင်းမှာပဲ ရေ ၂ လီတာထက် ပိုသောက်ပေးဖို့ အကြံပြုပါတယ်။
သောက်တဲ့အခါမှာ တထိုင်တည်းနဲ့ အများကြီးသောက်တာမျိုးမဟုတ်ဘဲ တစ်နေ့ခင်းလုံး အညီအမျှခွဲသောက်သင့်ပါတယ်။
ညစာစားပြီးချိန်နဲ့ မအိပ်ခင်အချိန်အတွင်း ရေလီတာတဝက်ခန့်သောက်သုံးသင့်ပါတယ်။
ညအိပ်ရာနိုးတဲ့အခါလည်း ရေသောက်ဖို့တွန့်ဆုတ်မနေပါနဲ့။

 

(၂) သံပရာရည်
လေ့လာချက်များအရ သံပရာရည်က ကျောက်ကြေစေပါတယ်။
သံပရာရည်က ဆစ်ထရစ်အက်ဆစ်ကြွယ်ဝကာ ဆီးရဲ့ pH ဓာတ်ကို အယ်လ်ကာလိုင်းဖြစ်စေပါတယ်။
အယ်လ်ကာလိုင်းဖြစ်တဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်ခြင်းဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ကျောက်ကြေဖို့အတွက် တစ်နေ့ကို သံပရာရည် ၈၅ မီလီလီတာသောက်သုံးသင့်ပါတယ်။

 

(၃) သလဲသီး
သလဲသီးက အန်တီအောက်ဆီဒင့်ဖြစ်ပြီး ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။
သလဲသီးက ဆီးရဲ့အက်ဆစ်ဓာတ်ကို လျှော့ချပေးကာ ကျောက်တည်ခြင်းနဲ့ ပိုမိုဆိုးရွားခြင်း ဖြစ်မလာအောင် ကူညီပေးပါတယ်။
ဆီးလမ်းကြောင်း ကြွက်သားတွေကို ပြေလျှော့စေတာကြောင့် ကျောက်ဖယ်ရှားရာမှာ လွယ်ကူစေပါတယ်။
သလဲသီးကို အသီးလိုက်စားသုံးနိုင်သလို ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါတယ်။

 

Source: Soo Healthy
#Yangon_Media_Group